အိမ်ရှင်တွေရဲ့ ပိုက်ဆံကိုအကြိမ်ကြိမ်ခိုးခဲ့တဲ့အပြင် ညစ်ပတ်ပေရေနေတဲ့ထမင်း၊ဟင်းတွေကို ချက်ကျွေးခဲ့တဲ့ အိမ်ဖော်ရဲ့လုပ်ရပ်

စင်ကာပူနိုင်ငံသို့ အိမ်ဖော်တစ်ယောက်အနေနဲ့ အလုပ်လာရောက်လာကိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ရဲ့လုပ်ရပ်ဟာ အတော်လေးကိုစက်ဆုပ်ရွံရှာဖို့ ကောင်းလွန်းလှပါတယ် ။ Diana အမည်ရှိတဲ့ အဆိုပါမိန်းကလေးဟာ သူမရဲ့ တံတွေး ၊ ကျင်ငယ်ရည် နဲ့ ရာသီသွေးတို့ကို သောက်ရေ ၊ ထမင်း ၊ ဟင်းတွေထဲ ထည့်ချက်ပြီး အိမ်ရှင်တွေမှာတော့ အစားအသောက်တွေထဲပါလာတဲ့ အစွန်းအထင်းလို့သာ အစပိုင်းကထင်ခဲ့ကြပါတယ် ။

Diana ရဲ့ပြစ်မှု နှစ်ခုဟာ အတော်လေးထင်ရှားခဲ့ပြီး အခြားပြစ်မှုတစ်ခုမှာတော့ အိမ်ရှင်ထံကနေ ငွေခိုးယူခဲ့တဲ့ပြစ်မှုပါ ။ သူမယခုလို အစားအသောက်တွေထဲ အညစ်အကြေးထည့်ချက်ရတာက အဆိုပါအစားအစာတွေကို စားသောက်ပြီးနောက် အိမ်ရှင်တွေက သူမပြောသမျှကိုလိုက်နာပြီး သူမကိုဆူပူဆဲဆိုမှု သိပ်မရှိဘူးလို့ ယုံကြည်ပြီးပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

အဆိုပါ အသက် 30 အရွယ်ရှိနေပြီဖြစ်တဲ့ Diana ဟာ 2017 ခုနှစ်က အလုပ်စဝင်ခဲ့တာဖြစ်ပြီး 2နှစ်ခန့်အလုပ်ဝင်ပြီးနောက်မှ သူမရဲ့ကျင်ငယ်ရည် ၊ တံတွေး နှင့် ရာသီသွေးတို့ကို အစားအသောက်တွေထဲ ထည့်ချက်ခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် သူမဟာ အိမ်ရှင်ထံမှ ငွေတွေကို 5ကြိမ်ခန့်ခိုးခဲ့ကြောင်းလည်း သိရှိရပါတယ် ။

အိမ်ရှင်အမျိုးသမီးမှာတော့ သူမငွေတွေပျောက်ဆုံးသွားလို့ ရဲကိုတိုင်ကြားရင်းနဲ့ အဆိုပါအိမ်ဖော်ရဲ့လုပ်ရပ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ် ။ Diana ဟာ သူမရဲ့ပြစ်မှုအတွက် ထောင်ဒဏ် 6လနှင့်7ပတ်ချမှတ်ခံခဲ့ရပြီး သူမရဲ့လုပ်ရပ်အတွက်လည်း အတော်လေးနောင်တရမိကြောင်း အိမ်ရှင်တွေကိုတကယ့်စိတ်ရင်းနဲ့ တောင်းပန်ကြောင်းပြောဆိုခဲ့ပါသေးတယ် ။ ထို့အပြင် သူမဟာ အင်ဒိုနီးရှာနိုင်ငံမှာကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ငွေကြေးအခက်အခဲကြောင့် ပိုက်ဆံခိုးယူခဲ့မိတာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*