ဖခင်ကပိုက်ဆံမရှိလို့ မွေးကင်းစကလေးရဲ့အလောင်းကို ရွာသင်္ချိုင်မှာမြုပ်ခွင့်မပေးခဲ့ဲကြတဲ့ ရွာသားတွေရဲ့လုပ်ရပ်

လူတိုင်းကတော့ ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်ဆုံးရှုံးရပြီဆိုရင် အတော်လေးကြေကွဲဝမ်းနည်းရမှာပါ ။ အထူးသဖြင့် သားသမီးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေဆိုရင် ပိုပြီးခံစားရမှာပါ ။ မလေးရှားနိုင်ငံ Sabah ပြည်နယ်မှာနေထိုင်တဲ့ Abam Botak အမည်နဲ့အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားပြီဖြစ်တဲ့ မွေးကင်စကလေးငယ်ကိုမြုပ်နှံဖို့နေရာရှာနေခဲ့တဲ့ ဖခင်တစ်ယောက်ကို ရွာသားတွေကတော့ သူတို့ရဲ့ရွာသင်္ချိုင်မှာ မြုပ်နှံခွင့်မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ဘာလို့လည်းဆိုတော့ ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ ရွာသင်္ချိုင်မှာမြုပ်နှံခွင့်ရဖို့ ပိုက်ဆံလုံလုံလေါက်လေါက်ပေးနိုင်စွမ်းမရှိတဲ့သူဖြစ်တဲ့အပြင် မှတ်ပုံတင်အထောက်အထားတွေလည်းမရှိတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ကြောင်း သူ၏ Facebook စာမျက်နှာမှာဝေမျှခဲ့ပါတယ် ။

Abam ကတော့ ယခုလိုမျိုးမခွဲခြားသင့်ကြောင်းနှင့် ကလေးငယ်ကသူမွေးဖွားလာတဲ့ရွာထဲမှာ မြုပ်နှံခွင့်မရခဲ့တဲ့အပြင် ၊ ရွာသားတွေငြင်းဆိုရလောက်အောင် ကလေးကိုမြုပ်တဲ့မြေနေရာက ဘယ်လောက်တောင်မှ ကုန်သွားမှာမို့လို့လဲ ဆိုပြီးတော့ပါ ပြောဆိုခဲ့သေးပါတယ် ။

အဆုံးသတ်မှာတော့ ကလေးငယ်ရဲ့ရုပ်အလောင်းကို Sandakan မြို့မှာရှိတဲ့ သင်္ချိုင်မှာ မြုပ်နှံခွင့်ရခဲ့ပါတယ် ။ ဒါကတော့ သူတို့ရဲ့ရင်ထဲက လူသားချင်းစာနာစိတ်ဘယ်လောက်ရှိလဲဆိုတာကို Sandakan မြို့ကလူတွေက ပြသလိုက်တာပဲ ဆိုပြီးလည်း ပြောဆိုခဲ့ပါသေးတယ် ။ အနာကျင်ရဆုံးကတော့ ကလေးငယ်ရဲ့ဖခင်ဟာ သူ့ရဲ့ကလေးရုပ်အလောင်းကိုပွေ့ချီပြီး မြုပ်နှံဖို့ရွာအပြင်ဖက်အထိ ထွက်ပြီးရှာခဲ့ရလို့ပါပဲ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*