သတို့သမီး ဂါဝန်နဲ့ သတို့သား၊ သတို့သား ဝတ်စုံနဲ့ သတို့သမီးတို့ရဲ့ ထူးခြားမင်္ဂလာပွဲ

တရုတ်နိုင်ငံရဲ့ နန့်ချွန်းမြို့မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ကို လာတဲ့ ဧည့်သည်အပေါင်းဟာ မမျှော်လင့်ထားတဲ့ သတို့သား နဲ့ သတို့သမီး တို့ မင်္ဂလာဝတ်စုံတွေ လဲလှယ်ဝတ်ဆင်ထားကြလို့ အံ့သြနေမှင်သက်နေကြတယ်လို့ စီစီတီဗွီရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် သတို့သား ဝူရူရီနဲ့ သတို့သမီး အိုကွီရန်တို့ဟာ အဝတ်အစား လဲဝတ်တာလေးပဲ မဟုတ်ပါဘူး၊ ဒါက သူတို့ ၂ ဦးရဲ့ ချစ်မေတ္တာကို ပြသတဲ့ အပြုအမူလေးတွေပါ။


သတို့သမီးက သူမရဲ့ကိုယ့်အလေးချိန်နဲ့ သတို့သမီးဂါဝန်ကို သူမ ဝတ်ဆင်လို့မရရင်ဆိုတဲ့ စိုးရိမ်စိတ်ဝင်လာချိန်မှာ သတို့သားက သူက သတို့သမီးဝတ်စုံကို ဝတ်ဆင်မယ်၊ သတို့သမီးက သတို့သား ဝတ်စုံကို ဝတ်ဆင်ဆိုပြီး ဒီလိုမင်္ဂလာဝတ်စုံကို လဲလှယ်ဝတ်ဆင်ကြဖို့ တောင်းဆိုခဲ့တာပါ။

တရုတ်နိုင်ငံ စီချွမ်ခရိုင်ရှိ နန့်ချွန်းမြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ကို လာတဲ့ ဧည့်ပရိတ်သတ်အပေါင်းဟာ ဒီမင်္ဂလာပွဲကို ဘယ်တော့မှ မမေ့ဘဲ အမှတ်ရနေကြမှာပါ။

သတို့သားနဲ့ သတို့သမီးအတွက်ကတော့ သူတို့ ၂ ဦးရဲ့ ဆက်ဆံရေးအသစ်တခုကို စတင်လိုက်တာပါလို့ ဆိုပါတယ်။

“မင်းရဲ့တဘဝလုံးစာအတွက် ကိုယ် ကောင်းပါ့မယ်လို့” သတို့သားဝူက ကတိပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*