အိန္ဒိယမှာ ယောကျ်ားလေးတွေအချင်းချင်း လမ်းသွားရင်း လက်တွဲထားရတဲ့အကြောင်းရင်း

ဓာတ်ပုံဆရာ Vincent Dolman က အိန္ဒိယနိုင်ငံသို့ အလည်ပတ်ရောက်ရင်း လမ်းမတစ်လျှောက် တွေ့မြင်ခဲ့ရတဲ့ ပုံမှန်မဟုတ်တဲ့ အရာတွေကိုဓာတ်ပုံ ရိုက်ကူးပြီး မှတ်တမ်းစုယူခဲ့တယ်။

လန်ဒန်မှ celebrity နဲ့ ဖက်ရှင်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ သူဟာ သူများနိုင်ငံတွေက ဓလေ့ရိုးရာတွေကို မှတ်တမ်းယူ ရိုက်ကူးဖို့အတွက် စိတ်အားထက်သန်ခဲ့တယ်။ အိန္ဒိယမှာတော့ ထူးဆန်းစွာနဲ့ပဲ ယောကျ်ားအချင်းချင်း လက်တွဲထားတာကို သူတွေ့ခဲ့ရပါတယ်။

 


” ယောကျ်ားလေးတွေ လက်တွဲပြီး လမ်းလျှောက်နေတာမြင်တော့ စစချင်း ကျွန်တော်စိတ်ဝင်စားသွားတယ် ” တကယ့်နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Eminem , Rihanna တို့နဲ့အလုပ်တွဲလုပ်ဖူးတဲ့

 

အသက် ၄၃နှစ် ဓာတ်ပုံဆရာက ခုလိုပြောပြခဲ့ပါတယ်။ ” သားအဖနှစ်ယောက် လက်ချင်းဆုပ်ကိုင်ထားရင်း ချရောင်းနေတဲ့ပုံတွေကို လက်ညှိုုးထိုးပြနေတဲ့ပုံဟာ ကျွန်တော့်မျက်လုံးထဲမှာတော့ လှနေခဲ့တယ်”

 


လန်ဒန်မှာ ယောကျ်ားချင်း လက်တွဲပြီးလမ်းလျှောက်တာ မမြင်ဖူးတဲ့ သူအဖို့တော့ အိန္ဒိယက အရာအားလုံးဟာ စိတ်ဝင်စားဖို့ကောင်းနေတယ်။ ဘာလို့လက်တွဲထားလဲမေးတော့ ” ကျွန်တော်တို့က သူငယ်ချင်းတွေလေ ” လို့ သူတို့က ရယ်မောပြီး ပြန်ဖြေကြတယ်။

အနောက်နိုင်ငံမှာဆို ယောကျ်ားတွေ ဒီလိုလက်တွဲထားရင် လိင်တူချင်းကြိုက်နေကြတယ်လို့ သတ်မှတ်ပြီး တကယ်တော့ ယောကျ်ားချင်း လက်တွဲထားတာကြီးက မြင်ရတာ မသက်မသာဖြစ်စေတယ်။ အိန္ဒိယမှာတော့ သူတို့ဓလေ့နဲ့ သူတို့စရိုက်ပေါ့လေ။


သူတို့ဆီမှာ ယောကျ်ားလေးတင်မဟုတ်ဘူး။ မိန်းကလေးတွေလည်း သူငယ်ချင်းတွေချစ်ရင် ဒီလိုပဲလက်တွဲပြီးလမ်းလျှောက်တယ်လို့ သိရပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာလည်းရှိတော့ သိပ်အထူးဆန်းမဖြစ်ပါဘူး။ Dolman ကတော့ သူ့ရဲ့အိန္ဒိယခရီးစဉ်တစ်လျှောက်က အံ့သြစရာ အတွေ့ကြုံတွေကို ပုံရိပ်လေးတွေနဲ့တကွ မျှဝေခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*