မွေးလာတဲ့ကလေးကို ရည်းစားဟောင်းနာမည်ကိုသာ မှည့်ပေးချင်နေတဲ့ အမျိုးသမီး

အိမ်ထောင်တစ်ခုမှာ ကလေးမွေးရင် မိဘဖြစ်သူတွေကပဲ သူတို့ရဲ့ကလေးကို နာမည်ပေးတတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း မမွေးခင်ကတည်းက ကလေးနာမည်ကို ပေးလေ့ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးရဲ့ နာမည်ကိုတော့ မိဘနှစ်ဦးရဲ့ ဆုံးဖြတ်ချက်အတိုင်း ပေးလေ့ရှိကြတာပါပဲ။ ဒါပေမယ့် ကိုယ်မွေးလာတဲ့ ကလေးကို ကိုယ့်ရဲ့ ရည်းစားဟောင်းနာမည်ပေးချင်တဲ့လူကတော့ တော်တော်လေးကို ရှားမှာပါ။ အခုပြောပြချင်တဲ့ ကိစ္စကတော့ နည်းနည်းလေးတော့ ထူးဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတစ်ယောက်ဟာ မွေးလာတဲ့ ကလေးကို ခင်ပွန်းသည်မသိအောင် သူမရဲ့ ရည်းစားဟောင်းနာမည်ပေးဖို့ ကြိုးစားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။


Pixabay-PublicCoအမည်ဖော်ပြခြင်း မရှိတဲ့ အမျိုးသားတစ်ယောက်ဟာ Reddit မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ အဆိုပါ ပို့စ်ကတော့ သူ့ရဲ့ အမျိုးသမီးဖြစ်သူဟာ မွေးလာတဲ့ ကလေးကို ရည်းစားဟောင်းရဲ့ နာမည်ပေးချင်နေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားနဲ့ သူရဲ့ ဇနီးသည် အမျိုးသမီးတို့ဟာ လက်တွဲလာခဲ့တာ ၈ နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားဟာ လက်မထပ်ပဲ အတူတူနေနေရင်းနဲ့ ကလေးတစ်ယောက် ရရှိခဲ့ပါတယ်။


တစ်ခုရှိတာကတော့ အဲဒီကလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ အမျိုးသားဖြစ်သူက တစ်ခြားမြို့တစ်မြို့မှာ အလုပ်သွားလုပ်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အဆိုပါ အမျိုးသားဟာ သူ့ရဲ့အမျိုးသမီး မွေးဖွားပြီး အချိန်မှ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားဖြစ်သူဟာ ကလေးမွေးစားရင်းမှာ လက်မှတ်ထိုးဖို့ ကြည့်လိုက်အခါမှာတော့ သူ့ရဲ့ အမျိုးသမီးဟာ ကလေးရဲ့ အလယ်နာမည်ကို အရင်ရည်းစားဟောင်းရဲ့ နာမည်ပေးထားတာကို တွေ့ရှိခဲ့ရပါတယ်။


ဒါ့ကြောင့် အဆိုပါ အမျိုးသားဖြစ်သူဟာ အကြီးအကျယ် စိတ်ညစ်ခဲ့ပြီး ကလေးကို တစ်ခြားနာမည်ပြောင်းဖို့ သူ့အမျိုးသမီးကို တိုက်တွန်းခဲ့ရာမှာ အဆင်မပြေခဲ့ပါဘူး။ အမျိုးသမီးဖြစ်သူကတော့ သူပေးထားတဲ့ နာမည်ကိုပဲ မှည့်စေချင်ကြောင်း၊ ရည်းစားဟောင်းနဲ့ လုံးဝမသက်ဆိုင်ကြောင်း အစရှိသဖြင့် ရှင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ အမျိုးသားဟာ Reddit မှာ ပို့စ်တင်ခဲ့ပြီး သူ့အနေနဲ့ ဘာလုပ်ရမှန်းမသိကြောင်း ရေးသားခဲ့ပါတယ်။ အဆိုပါ အမျိုးသားရဲ့ ပို့စ်ကို မြင်တဲ့ လူတော်တော်များများကတော့ ချစ်သူအမျိုးသမီးရဲ့ လုပ်ရပ်ကို ဝေဖန်ရှုံ့ချခဲ့ပြီး တစ်ချို့ကတော့ ကလေးရဲ့ DNA နဲ့ အဆိုပါ အမျိုးသားရဲ့ DNA ကို တိုက်စစ်သင့်ကြောင်း အကြံပေးခဲ့ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*