ကော်ဖီဆိုင်ထဲ ဘားမှမစားမသောက်ဘဲ ဝင်ထိုင်နေတဲ့အပြင် စားပွဲထိုးကိုပါဒေါသတကြီးဆဲဆိုခဲ့တဲ့ အမျိုးသမီး(ရုပ်သံ)

ဘယ်နိုင်ငံက စားသောက်ဆိုင်တွေ ၊ ကော်ဖီဆိုင်တွေမဆို ဘားမှ မမှာစားဘဲ ဆိုင်ထဲဝင်ထိုင်နေလို့ ဆိုင်ရှင်ကထိုင်ခုံကဖယ်ပေးဖို့ ပြောဆိုခဲ့လို့ စိတ်ဆိုးမယ်ဆိုရင် ကိုယ့်ရဲ့အပြစ်ပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံက Starbuck ဆိုတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အဒေါ်ကြီးတစ်ယောက်ဟာ

ဆိုင်ကစားပွဲထိုးဝန်ထမ်းလေးကို စိတ်ဆိုးတစ်ကြီးအော်ဟစ်ဆဲဆိုနေတဲ့ ရုပ်သံဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ December 14 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဒေါ်ကြီးဟာ ကော်ဖီဆိုင်အတွင်းသို့ မည်သည့်အရာမှ မှယူစားသောက်ခြင်းမရှိပဲ စားပွဲတစ်ဝိုင်းလုံး အပိုင်းစီးပြီး ထိုင်နေခဲ့တာပါ ။

ထို့်ကြောင့် စားပွဲထိုးမလေးက အဆိုပါအဒေါ်ကြီးကို ထွက်သွားပေးဖို့ပြောဆိုတဲ့ အချိန်မှာတော့ အဒေါ်ကြီးဟာ အတော်လေးကိုဒေါသထွက်သွားပြီး စားပွဲထိုးမလေးကို လက်ညိုးတွေနဲ့ထိုးပြီး အော်ကြီးဟစ်ကျယ်ဆဲဆိုခဲ့ပါတယ် ။ ထို့နောက် ” ငါနင့်ကို သတိပေးနေတာနော် ” ဆိုပြီး စားပွဲထိုးမလေးကိုလည်း အော်ဟစ်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း စားပွဲထိုးမလေးက မည်သည့်အရာမျိုးမှပြန်လည်ပြောဆိုခြင်းမျိုးမရှိဘဲ ” bye ” ဆိုတဲ့ စကားတစ်ခွန်းသာပြောပြီး သူမရဲ့အလုပ်ကို ဆက်လုပ်နေခဲ့တာပါ ။ ထိုအချိန်မှာတော့ အဒေါ်ကြီးဟာ ပိုစိတ်ဆိုးသွားပြီး ဆိုင်အပြင်ထွက်ခွာသွားတဲ့အထိ သူမကိုအချိန်အတော်ကြာဆဲဆိုခဲ့ပါတယ် ။ သို့သော်လည်း စားပွဲထိုးမလေးက သူမကို လက်ပြပြီးတော့သာ နှုတ်ဆက်ခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*