သူငယ်ချင်းရဲ့ အသုဘကို ရိုးရာအကနဲ့ ကခုန်နှုတ်ဆက်ခဲ့ကြတဲ့ ဆယ်ကျော်သက်များ

သူငယ်ချင်းရဲ့ အသုဘကို ရိုးရာအကနဲ့ ကခုန်နှုတ်ဆက်ခဲ့ကြတဲ့ ဆယ်ကျော်သက်များ

ဆယ်ကျော်သက်ကောင်လေးတစ်သိုက်ဟာ အသက်(၁၇) နှစ်နဲ့ သေဆုံးသွားခဲ့တဲ့ သူငယ်ချင်းရဲ့ အသုဘမှာ စစ်ချီသီချင်းတစ်ပုဒ်ကို သီဆိုကခုန်ပြီး သွားလေသူ သူငယ်ချင်းကို နှုတ်ဆက်ခဲ့ကြပါတယ်။ သေဆုံးသူဟာ ဂျရွမ်းဆိုသူဖြစ်ပြီး နယူးဇီလန်မြောက်ပိုင်း ကျွန်းတစ်ကျွန်းပေါ်က ဖြစ်ပါတယ်။ ဂျရွမ်းရဲ့ သူငယ်ချင်းနဲ့ ရင်းနှီးသူဆွေမျိုးတွေဟာ အားလုံးစုပေါင်းပြီး မောင်းရီရိုးရာ အသုဘဓလေ့တစ်ခုဖြစ်တဲ့ “ဟာက”စစ်ချီ အဆိုအကနဲ့ ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

အားမာန်အပြည့်နဲ့ ကြောက်မက်ဖွယ်ရာ ကခုန်ရတဲ့ “ဟာက”စစ်ချီတေးမှာ ပါဝင်ကပြတဲ့ အချို့သူတွေကတော့ မျက်ရည်တွေအပြည့်နဲ့ ဖြစ်နေတာကို စိတ်မကောင်းစရာ တွေ့ရပါတယ်။ ဗီဒီယိုထဲမှာတော့ ဆယ်ကျော်သက်လူငယ် အုပ်စုလေးတစ်စုဟာ လူစုရုံးပြီး “ဟာက”ကို ကပြဖို့ ပြင်ဆင်နေတာကို စတင်တွေ့ရမှာပါ။

အသက်ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်ကတော့ သူဟာ အုပ်စုကို ဦးဆောင်နေရပေမယ့် သွားလေသူကို သတိရလာတာ ထင်ပါတယ်။ ကနေရင်း တစ်ဝက်လောက်မှာပဲ ရှေ့ဆက်ကပြဖို့ကို မနည်းအားထုတ်နေရတာကို မြင်နိုင်ပါတယ်။ ကပြလို့ ပြီးသွားတဲ့အခါမှာတော့ အကသမားတွေဟာ လူစုခွဲပြီး အသီးသီးဆက်လက်ထွက်ခွာသွားကြတာကို တွေ့ရပါတယ်။

သေဆုံးသူ ဂျရွမ်းဟာ လိမ္မာရေးခြားရှိသူဖြစ်ပြီး လူချစ်လူခင်များသူလည်း ဖြစ်တယ်လို့ သိရပါတယ်။ ခုတွေ့ရမယ့် ဗီဒီယိုကိုတော့ နောက်ဆုံး သူ့အလောင်း မြေမကျခင်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေး ဖြစ်ပါတယ်။ သွားလေသူ သူငယ်ချင်းကို အစွမ်းကုန် ကပြရင်း နှုတ်ဆက်ခဲ့ကြတဲ့ ဆယ်ကျော်သက်လေးတွေရဲ့ ဟာကဗီဒီယိုလေးဟာ မြင်ရတာ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*