သူများတွေထက် ကွဲပြားခြားနားအောင် မင်္ဂလာပွဲကို လူနာတင်ကားနဲ့အဆန်းထွင်ပြီးရောက်လာခဲ့တဲ့ သတို့သမီး (ရုပ်သံ)

ကိုယ့်ရဲ့ မင်္ဂလာပွဲကိုအခြား သူတွေထက် ကွဲပြားခြားနားစေပြီး လှစေချင်ကြတာကတော့ စုံတွဲတွေတိုင်းလိုလိုပါပဲ ။ အလှဆုံး သတို့သမီးဝတ်စုံ ၊ မင်္ဂလာပွဲ အခင်းအကျင်း ၊ ကျွေးမွေးဧည့်ခံတဲ့ ပုံစံတွေ အခြားသူတွေထက်သာပြီး ကွဲပြားစေချင်ကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ စုံတွဲကတော့ သူတို့ရဲ့မင်္ဂလာပွဲကို တခြားသူတွေနဲ့ အတော်လေးကွဲပြားစေချင်ပုံရပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါစုံတွဲဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲကျင်းပရာနေရာသို့ ကျယ်လောင်စွာအချက်မြည်စေတဲ့ အရေးပေါ်လူနာတင်ကားကိုစီးပြီး ရောက်ရှိလာကြလို့ပါ ။ ပိုပြီးထူးဆန်းတာက သတို့သမီးကို ခန်းမထဲအထိ လူနာတင်ကုတင်နဲ့ မခေါ်သွားလို့ ၎င်းတို့ရဲ့မင်္ဂလာပွဲဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

၎င်းတို့စုံတွဲ မင်္ဂလာပွဲကျင်းပရာ ခန်းမတို့ဝင်လာခဲ့တဲ့ပုံစံဟာ ပွဲလာဧည့်သည်တွေရဲ့အကြိုက်တော့ မဟုတ်ခဲ့ပါဘူး ။ ထို့အပြင် ဒေသခံအချို့ကတော့ ၎င်းတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စအတွက်နဲ့ လူနာတင်ကားကို အသုံးပြုတာမျိုးတို့ မပြုလုပ်သင့်ကြောင်း ဝေဖန်ခဲ့ကြပါတယ် ။ လူနာတင်ကားဟာ အရေးပေါ်အခြေအနေတွေအတွက်သာ အမြဲအဆင်သင့်ဖြစ်နေသင့်တဲ့ ကားမို့လို့ပါ ဆိုပြီး ဝေဖန်ခဲ့ကြပါတယ် ။

ထိုအချိန်မှာတော့ သတို့သားဖြစ်သူက ၎င်းတို့မင်္ဂလာပွဲအတွက် အသုံးပြုခဲ့သော လူနာတင်ကားမှာ ၎င်းတို့ရဲ့ကိုယ်ပိုင်ကားဖြစ်ပြီး ၊ အစိုးရရဲ့ အရေးပေါ်သုံးစွဲဖို့ထားရှိထားတဲ့ လူနာတင်ကားမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ အကျိုးအကြောင်းမသိဘဲ အခြားသူကိုမဝေဖန်သင့်ကြောင်းလည်း ပြန်လည်ဖြေရှင်းထားပါတယ် ။ သို့ပေမဲ့လည်း မည်သို့ပင်ဖြစ်စေကာမူ အဆန်းထွင်တဲ့မင်္ဂလာပွဲဟာ အတော်လေးကိုအူကြောင်ကြားနိုင်လွန်းတဲ့အတွက် လူတိုင်းကတော့ ပြောချင် ၊ ဝေဖန်ချင်ကြမှာပါပဲလေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*