အချစ်စစ်ဆိုတာဘာလဲဆိုတာကိုသက်သေပြခဲ့တဲ့နယ်သာလန်ကအိမ်ခြေရာမဲ့နဲ့သြစတြီးယားကမိန်းမပျို

အချစ်ဆိုတာ ဆန်းကြယ်လှတဲ့ သံယောဇဉ်ရစ်နှောင်မှု တစ်ခုဖြစ်တဲ့အတွက် အချစ်နဲ့ပတ်သတ်ပြီးထူးဆန်းတဲ့ အရာလေးတွေများစွာကိုလဲ နေ့စဉ်ကျင်လည်နေတဲ့ဘ၀ ပတ်ဝန်းကျင်မှာ အမြဲတွေ့နေကြရပါတယ်။ထူးဆန်းတဲ့အချစ်တွေ သာမက ရူးနှမ်းတဲ့အချစ်တဲ့အချစ်တွေနဲ့တယောက်အပေါ်တစ်ယောက်ချစ်ကြတဲ့ လူတွေလဲများစွာရှိနေကြပါတယ်။

နယ်သာလန်နိုင်ငံမှာနေထိုင်တဲ့ Vic Kocula နဲ့ သြစတြီးယား Emmy Abrahamson တို့ရဲ့ချစ်ခြင်းမေတ္တာကလဲ လူအများအံ့သြမှင်သက်သွားခဲ့ရလောက်အောင်ဆန်းကြယ်ခဲ့ပါတယ်။

မိုင်တွေများစွာကွာဝေးတဲ့ ဒေသနှစ်ခုက လူတွေဖြစ်ပေမယ့် ဖူးစာဆုံဖို့အကြောင်းဖန်လာတဲ့အခါ ဆွီဒင်နိုင်ငံသူလေးက နယ်သာလန်မြို့တော် အမ်စတာဒန်ကိုလာရောက်စဉ် ထိုမြို့မှာနေထို်င်တဲ့ Vic Kocula နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွေ့တွေ့ချင်းမှာပဲ Emmy ဟာ Vic ရဲ့ အညိုရောင်မျက်လုံးရွဲတွေကိုစတင်သတိထားမိခဲ့ပြီး ပေတေနေတဲ့အဝတ်အစားတွေနဲ့ စုတ်ပြတ်နေတဲ့ဆံပင်တွေကြောင့် Vic ဟာအိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ကြောင်းကိုပါသူမသိရှိခဲ့ရပါတယ်။သို့ပေမယ့် မသိစိတ်ကနှိုးဆွနေတဲ့အချစ်တွေကြောင့် လက်ခံစကားပြောခဲ့ပြီး နောက်တစ်ကြိမ်ထပ်တွေ့ဖို့ချိန်းဆိုခဲ့ကြပြီး နောက်မှာတော့ Emmy ဟာသူမနေထိုင်တဲ့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ကိုပြန်ခဲ့တယ်လို့သိရပါတယ်။

Emmy ပြန်သွားပြီး ၃ ပတ်လောက်အကြာမှာတော့ Vic ဟာအချစ်အတွက်စွန့်စားမှုတစ်ခုဖြစ်တဲ့ သြစတြီးယားကိုလိုက်သွားခဲ့တယ်လို့သိရပါတယ်။ထိုနောက်မှာတော့ Vic ဟာ လမ်းဘေးနေလမ်းဘေးစားဘဝကနေ လျှပ်စစ်အင်ဂျင်နီယာသင်တန်းပြန်တက်ကာ ဘဝကိုပြောင်းလဲခဲ့ပြီး Emmy နဲ့ခမ်းခမ်းနားလက်ထပ်ခဲ့တယ်လို့သိရပါတယ်။ အခုချိန်ဆိုရင်တော့ အသက်ခြောက်နှစ်ကျော်နေတဲ့ အမွှာကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားရပြီလို့လဲသိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*