
ခရစ်ကတ်အားကစားဆိုတာကလည်း ဒီအတိုင်းကြည့်နေရင်သာလွယ်တာ။ တကယ်ဆော့တဲ့သူနေရာကနေကြည့်ရင် အရမ်းပင်ပန်းတဲ့ အားကစားတစ်မျိုးပါ။ ကိုယ့်လူက ဘယ်နားကို ဘောလုံးရိုက်လိုက်သလဲ၊ ဘယ်နားကိုရောက်အောင်ရိုက်ရမလဲ၊ ကိုယ့်လက်ထဲဘောလုံးရောက်လာရင် ဘယ်နားကို ပစ်ရမလဲ အစရှိသဖြင့် တော်တော်တွက်ချက်ရပါတယ်။ ဘောလုံးရိုက်လိုက်ပြီဆိုတာနဲ့ အသည်းအသန်ကို ပြေးရပါတယ်။
ဒီလို ခရစ်ကတ်ကစားသမားတွေထဲကမှ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ ခရစ်ကတ်ကစားသမားတစ်ယောက်အကြောင်း ပြောချင်ပါတယ်။ အဲဒီခရစ်ကတ်ကစားသမားရဲ့ နာမည်ကတော့ Chris Lynn ဖြစ်ပြီး အသက်အားဖြင့်တော့ ၂၉ နှစ်ရှိပါပြီ။ Chris ဟာ Lahore Qalandars ခရစ်ကတ်အသင်းမှာ ကစားနေတဲ့ ခရစ်ကတ်ကစားသမားတစ်ယောက်ဖြစ်ပြီး Pakistan Super League 2020 Edition ပွဲစဉ်တွေထဲက တစ်ပွဲမှာ Chris ရဲ့ ခေါင်းကနေ ရေနွေးငွေ့လိုမျိုး အငွေ့တွေ တောက်လျှောက်ထွက်ရှိနေပါတယ်
Never seen anything like this. Serious heat 😮 pic.twitter.com/qRj2T5knc7
— Mazher Arshad (@MazherArshad) February 28, 2020
Chris ခေါင်းက ထူးထူးခြားခြားအငွေ့တွေထွက်နေတာကို ပရိသတ်တစ်ဦးကတွေ့မြင်သွားပြီး ဗီဒီယိုရိုက်ကာ သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကတော့ ဆိုရှယ်မီဒီယာပေါ်မှာတော်တော်ရေပန်းစာခဲ့ပြီး ကြည့်ရှု့သူတော်တော်များများဟာ “သူက Ghost Rider ကားထဲကလိုဖြစ်နေတာလား၊“တစ်ခါမှ ဒါမျိုးမတွေ့ဖူးသေးဘူး” “ခေါင်းမီးတောက်တယ်ဆိုတာ ဒါမျိုးပဲ” အစရှိသဖြင့် မှတ်ချက်ပေးခဲ့ပါတယ်။
Chris Lynn’s was so angry that his head was literally burning! 🔥😂
#PSL2020 pic.twitter.com/Gxa5BhKFKp
— Hameed Khan (@HameedK20454569) February 28, 2020
ကြည့်ရတာ အပြင်ရာသီဥတုကအရမ်းအေးပြီး ကစားသမားရဲ့ကိုယ်ခန္ဓာအပူချိန်က ချွေးတွေထွက်ပြီး အရမ်းမြင့်တက်နေတဲ့အချိန် ခေါင်းမှာလည်း အတားအဆီးဖြစ်တဲ့ ဆံပင်မရှိတာကြောင့်များ ရေငွေ့ရိုက်ပြီး ပြန်တယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကတုံးကြီးက အငွေ့ဆက်တိုက်ထွက်နေတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ကာတွန်းကားတွေထဲမှာပဲ မြင်ဖူးတာလေနော်။
Leave a Reply