တက်တူးတွေရဲ့နောက်ကွယ်က စိတ်ဝင်စားစရာအဖြစ်မှန်များ…

တက်တူးထိုးတယ်ဆိုတာ အကြောင်းအမျိုးမျိုးတော့ရှိကြတာပါပဲ။ကိုယ့်ချစ်သူနဲ့အမှတ်တရဖြစ်အောင်ထိုးတယ်၊တစ်ယောက်ယောက်အတွက်အမှတ်တရထိုးတယ်စသဖြင့်ပေါ့။တစ်ချို့တက်တူးတွေရဲ့နောက်ကွယ်က ဇာတ်လမ်းတွေကတော့ စိတ်မကောင်းဖြစ်ရသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ဒါကြောင့်စာဖတ်သူပရိသတ်ကြီးအတွက် ဒီအကြောင်းအရာလေးတွေပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။ဖတ်ပြီးတဲ့အခါ ကိုယ်တက်တူးထိုးရတဲ့အကြောင်းရင်းကိုလည်းမျှဝေလို့ရရင် မျှဝေပေးခဲ့ဦးနော်

၁)ဒီတက်တူးနှစ်ခုမှာ အကြီးကြီးတစ်ခုက အသက် ၄၀ပြည့်မွေးနေ့မှာသေဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူအတွက်အမှတ်တရဖြစ်ပြီး အသေးလေးကတော့သူပါတဲ့။ပြီးတော့ အပြာရောင်က သူ့အစ်ကိုအကြိုက်ဆုံးအရောင်ဖြစ်ပြီး အဝါရောင်ကတော့ သူအကြိုက်ဆုံးအရောင်ဖြစ်ပါတယ်တဲ့။သူတို့ညီအစ်ကိုနှစ်ယောက်က Lego ကို အမြဲအတူတူဆက်ခဲ့ကြတာပါလို့ပြောပြခဲ့ပါတယ်။


၂)ဒီတက်တူးကတော့ သူ့ရဲ့အသက် ၁၈နှစ်ပြည့်မွေးနေ့အပြီး နောက်သုံးရက်အကြာမှာ ထိုးခဲ့တာပါ။သူအသက် ၇နှစ်အရွယ်တည်းက ဆုံးပါးသွားခဲ့တဲ့အဖိုးကိုအောက်မေ့သတိရစွာနဲ့ WWII Uniform ဝတ်ဆင်ထားတဲ့အဖိုး ကမ္ဘာကြီးကို မတင်နေတဲ့ပုံကိုထိုးခဲ့တာဖြစ်ပါတယ်တဲ့။


၃)ဒါကတော့ အမေဖြစ်သူရဲ့လက်ရေးနဲ့ရေးထားတဲ့ စကားလေးပါ။ဒီစကားလေးကို အမေက သူ့ကို အမြဲပြောလေ့ရှိပါတယ်တဲ့။


၄)ဒါကတော့ ယူနီကွန်းဝတုတ်လေးပါ။ဘာလို့လဲဆိုတော့ သူက ဝတယ်။လှတယ်၊တမူထူးခြားတဲ့အရည်အချင်းတွေရှိတယ်။ပြီးတော့ စိတ်ကူးလည်းယဉ်တတ်တယ်။အဲ့ဒါကိုရည်ညွှန်းပြီးထိုးခဲ့တာပါတဲ့။


၅)ဒီတက်တူးလေးကတော့ အရာအားလုံးအဆင်ပြေသွားမှာပါဆိုတဲ့စကားလေး အမြဲသတိပေးနေတဲ့ တက်တူးလေးပါ။“forget-me-not” ပန်းလေးကိုထိုးခဲ့တာက သူအရမ်းစိတ်ဓာတ်ကျနေတဲ့အချိန်မှာထိုးခဲ့တာပါ။ဒီပန်းလေးတွေက အဘွားရဲ့အမေအိမ်မှာ ပွင့်လေ့ရှိပြီး သူ့ရဲ့ပျော်ရွှင်စရာကလေးဘဝကအဲ့ဒီမှာ ကုန်ဆုံးခဲ့တာများပါတယ်တဲ့။ဒီပန်းလေးက ပျော်ရွှင်မှုနဲ့ကောင်းမွန်တဲ့အချိန်တွေရောက်လာတော့မယ်လို့သတိပေးအချက်ပြနေတာနဲ့တူလို့ထိုးဖြစ်ခဲ့တာလို့ သူ့ရဲ့တက်တူးထိုးရခြင်းအကြောင်းကိုပြောပြခဲ့ပါတယ်။


၆)ဒီတက်တူးလေးကတော့ သူမရဲ့အစ်မဖြစ်သူ ပီရူးကိုထွက်ခွာပြီး နှစ်ပတ်အကြာမှာ ပထမဆုံးစထိုးခဲ့တာပါ။နောက်ထပ်နှစ်နှစ်အကြာမှာတော့ သူမပါ အဲ့ဒီကိုလိုက်သွားခဲ့ပါတယ်တဲ့။How Sweet !


၇)အဘွားရဲ့အမေက သူ့ကိုပြုစုပျိုးထောင်ခဲ့တာဖြစ်ပြီး သူအသက် ၁၉နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။သူမဟာ ပထမဆုံးအမေရိကန်မျိုးဆက်လည်းဖြစ်ပါတယ်။အစကတော့ နာမည်ပဲထိုးထားခဲ့တာပါ။ဒါပေမဲ့ သူမက ဒါထက်ပိုပြီးထိုက်တန်တယ်လို့သူထင်ပါတယ်။ဥယျာဉ်ထဲကအပင်တွေကိုဂရုစိုက်ရတာ သူမနှစ်သက်ပါတယ်။အဲ့ဒါကြောင့် သူမဥယျာဉ်ထဲမှာအစိုက်ချင်ဆုံး ခရမ်းရောင်ပန်းတစ်မျိုးကိုထပ်ပြီးထိုးခဲ့တာပါဆိုပြီးပြောပြခဲ့ပါတယ်။

ကဲ သင်ရော တက်တူးကိုဘာလို့ထိုးဖြစ်ခဲ့တာလဲ?

Be the first to comment

Leave a Reply

Your email address will not be published.


*