ကျောင်းသားတွေအတွက်ထိုင်ခုံမပေးထားတဲ့အထက်တန်းကျောင်းကကန်တင်းတစ်ခုရဲ့နောက်ကွယ်…

တရုတ်နိုင်ငံ အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းကန်တင်းမှာ စားဖို့စားပွဲသာရှိပြီးထိုင်ဖို့ခုံတွေရှိမနေခဲ့ပါဘူး။ ဒီလိုထိုင်စားဖို့ထိုင်ခုံမပေးထားတဲ့ ကျောင်းကန်တင်းမျိုးက ဘယ်ကျောင်းမှာမှမတွေ့ရတဲ့ထူးထူးဆန်းဆန်းကျောင်းကန်တင်းကြီးပါပဲ။

ကန်တင်းပုံစံကလည်း ကိုယ်တိုင်ယူစနစ်ပုံစံမျိုးဖြစ်ပြီးထိုင်စားစရာထိုင်ခုံမပါပဲ မတ်တပ်ရပ်ပြီးစားနေကြရတာကို အခုလိုပုံတွေမှာတွေ့မြင်ရမှာပါ။ ကလေးတွေကို ဒီလိုထိုင်ခုံမပါပဲဘာလို့စားခိုင်းရလည်းဆိုတာကို ကျောင်းကသက်ဆိုင်ရာ တွေကိုမေးကြည့်ကြတဲ့အခါမှာတော့အထက်တန်းကျောင်းသားဖြစ်တဲ့

ကလေးတွေကို ကန်တင်းမှာထိုင်ပြီးအချိန်ကုန်တာမျိုး၊ အေးအေးဆေးဆေးနဲ့အစားကို ဇိမ်နဲ့စားနေတာမျိုးမလိုလားတာကြောင့်အခုလိုထိုင်ခုံတွေကိုဖယ်ရှားထားရခြင်းဖြစ်တယ်လို့သိရပါတယ်။ တစ်ဖက်ကစဉ်းစားကြည့်ရင်တော့ကျောင်းရဲ့အတွေးကကျောင်းသားတွေရဲ့အရေးပါလှတဲ့အချိန်တွေအတွက်ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပင်မဲ့

တစ်ချို့ကျောင်းသားတွေအတွက်ကတော့ အစားစားချိန်တောင် အေးအေးလူလူ အညောင်းပြေအညာပြေထိုင်ပြီးမစားရတာကြောင့်အနည်းငယ်တော့စိတ်ခုစေခဲ့ပါတယ်။

ဒါပင်မဲ့လည်းကျောင်းကသတ်မှတ်ထားတဲ့ စည်းကမ်းကောင်းတစ်ခုမလို့ ကျောင်းသားတိုင်းလိုက်နာရတဲ့ ဒီအထက်တန်းကျောင်းရဲ့ထူးထူးခြားခြားကြီးတစ်ခုဖြစ်နေတော့ပါတော့တယ်…

Be the first to comment

Leave a Reply

Your email address will not be published.


*