ခပ်ကြမ်းကြမ်းအနမ်းတစ်ခုကြောင့်အရေးပေါ်ဌာနရောက်သွားတဲ့စုံတွဲ….

တရုတ်နိုင်ငံကအတွဲတစ်တွဲရဲ့ ထူးထူးဆန်းဆန်းဖြစ်ပုံလို့ဆိုရမှာပါပဲ…တရုတ်နိုင်ငံ Hunan capital of Changsha မှာရှိတဲ့ ဆေးရုံတစ်ရုံကို လူငယ်အတွဲတစ်တွဲဟာ အရေးပေါ်အခြေနေနဲ့ရောက်လာခဲ့ကြပါတယ်။

အရေးပေါ်ဌာနကိုရောက်လာရတဲ့အကြောင်းအရင်းကတော့ ကောင်လေးဖြစ်သူရဲ့ နားက အရမ်းကိုနာကျင်နေတာကြောင့်လာရောက်ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။ အကြောင်းပြချက်မရှိပဲ ချက်ချင်းကြီးဆိုသလိုနားကနာရတဲ့အကြောင်းရင်းကို ဒီအတွဲဘယ်လိုမှနားမလည်နိုင်ဖြစ်ပြီးဆေးရုံရောက်လာခဲ့တာပါ။ ကောင်လေးရဲ့နားကို ဓာတ်မှန်ရိုက်စစ်ဆေးကြည့်ရာမှာတော့နားစည်ထိသွားတာကြောင့်နာကျင်နေရတယ်လို့သိရပါတယ်။

သူတို့အတွဲပြောစကားအရကောင်မလေးဟာကောင်လေးရဲ့နားကို ချစ်စနိုးနဲ့ အနမ်းကြမ်းကြမ်းလေးပေးလိုက်ရာကနေ အခုလို အသည်းအသန်နာကျင်သွားရတယ်လို့သိရပါတယ်။ ကောင်မလေးရဲ့အနမ်းကြမ်းချက်ကဘယ်လိုတောင်လဲတော့ မသိပင်မဲ့ မထင်မှတ်ထားတဲ့အနမ်းတစ်ခုကနေ နားစည်ထိသွားတာဖြစ်ကြောင်းဆရာဝန်တွေရဲ့စစ်ဆေးချက်အရသိရှိရပါတယ်။

ကံကောင်းသွားတယ်လို့ပြောရမှာပါပဲ…သိပ်မကြာခင်အပတ်အနည်းငယ်အတွင်းမှာကောင်လေးရဲ့နာကျင်မှုဟာ ကုသလို့ရခဲ့ပြီးအောင်မြင်စွာပျောက်ကင်းသွားခဲ့ပါတယ်။ ကဲ…နားလေးကို အသည်းယားလို့ နမ်းမယ်ဆိုတဲ့မမတို့ အနမ်းမကြမ်းမိစေဖို့သတိလေးတော့ထားကြပါလို့ 😛

 

Be the first to comment

Leave a Reply

Your email address will not be published.


*