Supermarket ထဲကရေခဲမုန့်ကို လျှာနဲ့လျက်ပြီး နဂိုနေရာမှာပြန်ထားကာ Video ပါရိုက်ကူးပြီး ရွပိုးထခဲ့တဲ့မိန်းကလေးရဲ့ အဆုံးသတ်

Social media အသုံးပြုနေကြတဲ့လူအများစုကတော့ မိန်းကလေးတစ်ယောက် Supermarket ရဲ့ ရေခဲသေတ္တာထဲမှာရှိတဲ့ ရေခဲမုန့်ဗူးကိုယူပြီး လျှာနဲ့လျက်ကာ မူလနေရာမှာပြန်ထားလိုက်တဲ့ video ကိုတွေ့ဖူးကြမှာပါ ။

၎င်း video ကိုတော့ social media ပေါ်မှာ ပြီးခဲ့တဲ့ June 23 ရက်နေ့က တင်ခဲ့တာဖြစ်ပြီး ၊ အလျင်အမြန်ပျံ့နှံ့သွားခဲ့ကာ အဆိုပါလုပ်ရပ်မျိုးအတွက် လူအများစုက အပြစ်တင်ရှုတ်ချခဲ့ပေမဲ့လည်း ပိုပြီးအထိတ်တလန့်ဖြစ်စေခဲ့တာကတော့ ၎င်း video ကိုအားပေးထောက်ခံပြီး လက်ဆော့ချင်တဲ့သူတွေ အတွက်ကတော့ ၎င်းအပြုအမှုမျိုးဟာ supermarket တွေမှာ ခေတ်စားနေလျက်ရှိပါတယ် ။

အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာရှိနေတဲ့ ရဲအရာရှိများကတော့ အဆိုပါအပြုအမှုမျိုးစတင်ခဲ့တဲ့ အမျိုးသမီးကိုဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ အာဏာပိုင်တွေရဲ့ ကြေညာချက်အရ CCTV ထဲမှ ၎င်းအမျိုးသမီးနဲ့ရုပ်ချင်းဆင်တူတဲ့ သံသယရှိသူကို လက်ရှိမှာဖမ်းဝရမ်းမထုတ်ခင် မည်သူမည်ဝါဖြစ်မှန်းအတည်ပြုရန် စောင့်စားနေကြောင်း သိရှိရပါတယ် ။

အဆိုပါအမျိုးသမီးဟာ အဖမ်းခံရပြီးရင်တော့ သူမရဲ့အပြုအမှုတွေအပေါ်လျော်ကြေးပေးရမှာဖြစ်ပြီး ၊ US ရဲ့ဥပဒေအရ အများဆုံးထောင်ဒဏ် နှစ် 20 အထိ ချမှတ်ခံရနိုင်တဲ့အပြင် ၊ ဒဏ်ကြေးငွေအဖြစ် US ဒေါ်လာ 10,000 ခန့်ပေးသွင်းရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*