အပြစ်ရှိသူရဲ့ကလေးလေးကို နို့တိုက်ကျွေးနေတဲ့ ရဲမေအား အင်တာနက်သုံးစွဲသူများက လေးစားနေ

တရုတ်နိုင်ငံရှိ ရဲမေတစ်ယောက် အပြစ်ရှိသူရဲ့နို့ဆာနေတဲ့ကလေးကို နို့တိုက်ကျွေးခဲ့တဲ့ပုံရိပ်ဟာ အားလုံးရင်ထဲကို ထိစေခဲ့တယ်။

Shanxi Jinzhong Intermediate People’s Court တွင် ၄လကလေးလေးကို ရဲမေ Hao Lina က နို့တိုက်ကျွေးနေတဲ့ပုံရိပ်ကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။


ကလေးရဲ့အမေဟာ လူပေါင်း ၂၈ဝဝကျော်ကိုငွေအလွဲသုံးစားလုပ်မှုကြောင့် ဖမ်းဆီးစစ်ဆေးမေးမြန်းခံနေရပါတယ်။မနက် ၉နာရီဝန်းကျင်လောက်မှာ ကလေးကနို့အရမ်းဆာလို့ အော်ငိုနေခဲ့ပါတယ်။

ကလေးငိုနေတာကို မကြည့်ရက်တာနဲ့ သူမလည်းနို့တိုက်ကျွေးခဲ့တယ်။

” ကလေးက အရမ်းငိုနေတော့ ကျွန်မတို့လည်းစိုးရိမ်သွားတယ်။ ကျွန်မက ကလေးမွေးထားတာသိပ်မကြာသေးတော့ ကလေးအငိုတိတ်သွားအောင် ကျွန်မအတတ်နိုင်ဆုံးကြိုးစားခဲ့တာပါ ” လို့ Daily Mail သတင်းမှာဖော်ပြထားပါတယ်။

” ကလေးတစ်ယောက်လုံးငိုနေတာကိုတော့ ဘယ်သူမှလက်ပိုက်ကြည့်နေမယ်မထင်ပါဘူး။ ဘယ်ရဲမေမဆို တစ်ခုခုတော့ လုပ်မှာပါ။ ကျွန်မသာ ကလေးအမေနေရာမှာဆိုရင် တစ်ယောက်ယောက်ကိုတော့ အကူညီတောင်းခဲ့မှာပဲ” လို့ ဆိုပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*