
လူအများ သွားလာလှုပ်ရှားနေကြတဲ့ နေရာတွေမှာဆို ခွက်လေးတစ်လုံးနဲ့ ခေါင်းငုံထိုင်ပြီး တောင်းစားနေရတဲ့လူတွေ အများကြီးပဲတွေ့ရပါတယ်။ အသက်ကြီးတဲ့လူတွေဆို ပိုသနားဖို့ကောင်းတယ်။ ဒီလိုလူတွေကို မကြည့်ရက်တဲ့ လူငယ်လေးတွေ ရှိပါတယ်။ တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင် အားတဲ့အချိန်မှာကူညီပေးကြတယ်။
ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက် အဘွားအိုအတွက် ကူညီပေးဖို့ ဂစ်တာလေးတစ်လုံးနဲ့ ဖျော်ဖြေရေးလေးတစ်ခု လုပ်ပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေးကို ဖေ့စ်ဘွတ်သုံးစွဲသူ Zin Len မှ တင်ထားခဲ့တာဖြစ်ပါတယ်။ တင်ပြီးသိပ်မကြာမီမှာပဲ ကြည့်ရှုသူ ၁.၈သန်းကျော်သွားခဲ့ပါပြီ။ ဒီလိုကျောင်းသားငယ်လေးတွေရဲ့ အနာဂတ်ကတော့ တောက်ပနေမှာအမှန်ပါပဲ။ သူတို့ရဲ့လုပ်ရပ်ကို အင်တာနက်သုံးစွဲသူများမှလည်း အများကြီး လေးစားချီးကျုးနေခဲ့ကြပါတယ်။
Leave a Reply