မြေမြုပ်သဂြိုလ်ခဲ့တဲ့ ဇနီးအား ရုပ်သံအစီအစဉ်တစ်ခုမှာ ပြန်လည်တွေ့ခဲ့တဲ့အမျိုးသား

တကယ်ကို ကြောက်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။သေရွှာပြန်ဆိုတာရှိသော်လည်းပဲ မြေမြုပ်သဂြိုလ်ခဲ့တဲ့ လူတစ်သေယောက်ဟာ ပြန်လည်အသက်ဝင်လာရင်တောင် ရှင်သန်ဖို့ကမလွယ်လောက်ပါဘူး။အောက်စီဂျင်ပြတ်ပြီး မိနစ်ပိုင်အတွင်းသေသွားစေနိုင်လို့ပါ။ဒီဖြစ်ရပ်ကတော့ ထူးထူးဆန်းဆန်းပါပဲ။လွန်ခဲ့သော နှစ်နှစ်အကြာက ကွယ်လွန်သွားသဖြင့် မြေမြုပ်သဂြိုလ်ခဲ့သော ဇနီးဖြစ်သူအား ရုပ်မြင်သံကြားအစီအစဉ်တွင် တွေ့ရှိလိုက်ရသောအခါ ခင်ပွန်းဖြစ်သူမှာ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ကာဆာဘလန် ဆေးရုံတွင် ယာဉ်တိုက်မှုဖြင့် အမည်မသိ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ၊ ထိုဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည် ။ အာဗရာ မိုဟာမက် အမည်ရှိ အမျိုးသားက သေဆုံးသွားသော အမျိုးသမီးသည် သူ၏ အမျိုးသမီး ဖြစ်နိုင်သည်ဟု ယူဆကာ မြေမြုပ်သဂြိုလ်ခဲ့သည်။

ယခုအဖြစ်အပျက်သည် မိုရိုကို နိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မမှတ်မိနိုင်သည့် အမျိုးသမီးတစ်ဦး သေဆုံးမှုကို မိမိ၏ ဇနီးဖြစ်သူဟု ယူဆကာ မြေမြုပ်သဂြိုလ်ခဲ့ပြီး ၊ နှစ်နှစ်ကြာပြီးသည့် အချိန်တွင်မှ ဇနီးဖြစ်သူကို မိသားစုနှင့် ဝေးကွာသွားသည့်သူများအား ပြန်လည်ပေါင်းစည်းနိုင်ရန် ချိတ်ဆက်ပေးသည့် ရုပ်သံအစီအစဉ်တစ်ခုတွင် တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။ ထိုအစီအစဉ်တွင် ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူအား ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့သည်။

သူမပျောက်ဆုံးသွားခဲ့သည့် ၂ နှစ်အတွင်း သူမဘယ်ရောက်နေသည်ကို လူအများက စိတ်ဝင်စားလျှက်ရှိပြီး သူမအနေဖြင့် အတိတ်မေ့သွားခြင်းမျိုး ဖြစ်နိုင်ကြောင်း ယူဆလျှက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*