
ယခုရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံအလယ်ပိုင်းမှာ “ဝက်တို့ရဲ့ဘုရင်” အမည်နဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ကြီးမားထွားကြိုင်းတဲ့ဝက်တွေကို ပိုင်ဆိုင်ထားသူတွေက သူတို့ရဲ့ဝက်တွေကိုခေါ်လာပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဝက်တို့ရဲ့ဘုရင်ပြိုင်ပွဲမှာ ဆုရသွားတဲ့ဝက်မကြီးရဲ့ အလေးချိန်ဟာ ၁၆၅၂ ပေါင် (၁၁၈ စတုန်) ရှိပါသတဲ့။ အလျား ၇ ပေ၊ အရပ်အမြင့် ၃ ပေ ၅ လက်မ ရှိတယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲကို ကျန်ကျိုးခရိုင် Huanghetan မြို့ရှိ ဝက်မွေးမြူရေးအသင်းအဖွဲ့က ဦးစီးပြုလုပ်ခဲ့တာပါ။ ဝက်ကောင်ရေဒါဇင်ပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့အနက် ကျန်ဆိုတဲ့ ဝက်မကြီးက အကြီးဆုံးဖြစ်ခဲ့ပါတယ်။ အရွယ်ကလည်း ကြီးလွန်းတော့ အရွယ်ရောက်ပြီးလူတစ်ဦးကိုတောင် တင်ဆောင်သွားလာနိုင်ပါတယ်။
ဝက်တစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်ဟာ ၂၂ စတုန်သာ ရှိပေမဲ့ ကျန်ကတော့ ၁၁၈ စတုန်အထိ အလေးချိန်ရှိနေတာကြောင့် ဝက်ဘုရင်ဆုကို ထိုက်ထိုက်တန်တန်ရသွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးဝက်အဖြစ် ၁၉၃၃ ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ Big Bill အမည်ရှိဝက်ကတော့ အလေးချိန် ၁၈၂ စတုန်၊ အရှည် ၈ ပေ အထိ ရှိခဲ့ဖူးပါတယ်။
Leave a Reply