
အသက် ၅၄ နှစ်အရွယ် ရုရှားသန်း ကြွယ်သူဌေးကြီးက ဇနီး အသစ် ရှာပုံ တော်ဖွင့်နေသည်။ သို့သော် မည်သူမည် ဝါဆိုသည်ကို ၎င်းက ကိုယ်တိုင်ရွေးချယ် မည်မဟုတ်ဘဲ ၎င်း၏သမီးနှစ်ဦးနှင့်သား တစ်ဦးကိုသာ ရွေးချယ်ခိုင်းထားသည်။ ရေနံသူဌေးကြီးသည် ၎င်းလုပ်ငန်းကို အ ကြီးဆုံးသားအား အလုံးစုံ လွှဲထားပြီးပြီ ဖြစ်သည်။ ၎င်းတွင် အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း သားသမီးပေါင်း ငါးဦးရှိ သည်။
၎င်းသည် အိမ်ထောင် ငါးကြိမ်ပြုပြီး သွားပြီဖြစ်ပြီး ၎င်းအိမ်ထောင်ပြုလိုက် တိုင်း အိမ်ထောင်ရေးမှာအဆင်မပြေပေ။ ထို့ကြောင့် ၎င်းက ယခုတစ်ကြိမ်တွင် လျှောက်လွှာခေါ်လိုက်ပြီး လာရောက် လျှောက်ထားသူများအနက် အသင့်တော် ဆုံး မိန်းကလေးကို ၎င်း၏သမီးနှစ်ဦးနှင့် သားတစ်ဦးက ရွေးချယ်ပေးမည်ဖြစ်သည်။ ထိုသို့ရွေးချယ်ပုံကို တီဗီတွင် ထုတ်လွှင့် နေသည်။ သမီးနှစ်ဦးက လာရောက် ယှဉ်ပြိုင်သူများကို ခြေအစ၊ ခေါင်းအ ဆုံးကြည့်ပြီး ထင်မြင်ချက်ကို ၎င်းတို့စိတ် ထဲရှိသည့်အတိုင်း အားမနာစတမ်းပြော ကာ ပြိုင်ပွဲဝင်အချို့ကို ပွဲမှ ထုတ်ပစ် သည်။

လာရောက်လျှောက်ထားသူများထဲ တွင် ပွဲစီစဉ်သူ၊ စုံထောက်၊ ဘော်လီဘော မယ် စသဖြင့် အမျိုးမျိုးပါဝင်သည်။ ဖခင် အတွက် ငယ်ငယ်ချောချောဇနီးသစ်ကို သမီးများက ရွေးပေးနေပြီး ရွေးချယ်နေဆဲ ဖြစ်သည်။ သားသမီးများရွေးပေးသည့် အမျိုးသမီးကို သန်းကြွယ်သူဌေးကြီးက လက်ထပ်ခွင့်တောင်းမည်ဖြစ်ပြီး ထိုအ မျိုးသမီးသည် သူဌေးကြီး၏စံအိမ်တွင် အတူလာရောက်နေထိုင်ခွင့်ရမည်ဖြစ် သည်။
Leave a Reply