အကြောသေနေတဲ့ခင်ပွန်းဖြစ်သူကို 22နှစ်ခန့် ပြုစုခဲ့ပြီး ၊ အကူအညီရအောင် နောက်ယောင်္ကျားပါယူခဲ့ရတဲ့ အမျိုးသမီး

တစ်ချို့သောသူတွေကတော့ ကိုယ့်ရဲ့လက်တွဲဖော်က နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မကျန်းမမာ ၊ မသန်မစွမ်းဖြစ်လာခဲ့ရင် ကြာလာတော့ ငြိုငြင်တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးကတော့ သူမရဲ့ခင်ပွန်ကို လုံးဝမငြိုငြင်ပဲ အချစ်စစ်ရဲ့သစ္စာတရားကို ဖော်ပြလိုက်တာပါပဲ ။

Jia အမည်ရှိတဲ့ တရုတ်နိုင်ငံက အမျိုးသမီးဟာ အမြင့်ပေ 40-50m ရှိတဲ့တောင်စောင်းပေါ်ကနေပြုတ်ကျပြီး အကြောသေသွားခဲ့တဲ့ သူမရဲ့ခင်ပွန်းဟောင်းကို နှစ်ပေါင်း 20 ကျော်အထိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ် ။ အဆိုပါမတော်တဆမှုကြောင့် သူမရဲ့ခင်ပွန်းဟောင်းဟာ ကိုယ်လက်လှုပ်ရှားလို့မရတော့ပဲ ဦးနှောက်တွင်လည်းထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပါတယ် ။

ထို့ကြောင့် Jia ဟာ သူမရဲ့ခင်ပွန်း နှင့် ကလေးငယ်တို့ကို ပြုစုစောင့်ရှောက်ဖို့အတွက် လက်မလျော့ဘဲ သည်းခံကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းသည်ကိုအချိန်ပြည့်စောင့်ရှောက်ပေးခဲ့ရလို့ သူမဟာ အလုပ်တွေမလုပ်နိုင်ပဲဖြစ်နေရတဲ့အပြင် ၊ မိသားစုအတွက် ဝင်ငွေတွေ မရှိဘဲဖြစ်လာခဲ့ရပါတယ် ။ ငွေရေးကြေးရေး အခက်အခဲတွေအတော်လေး ရင်ဆိုင်လာခဲ့ရချိန်မှာတော့ Jia ဟာ သူမရဲ့ခင်ပွန်းနဲ့ ကွာရှင်ပစ်လိုက်ပြီး အကြောသေနေခဲ့တဲ့ခင်ပွန်းကို ဆက်လက်ပြီးပြုစုကုသပေးနိုင်ဖို့ နောက်ယောင်္ကျားယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။

သူမခင်ပွန်းဟောင်းရဲ့ မိသားစုဝင်များကလည်း သူမရဲ့အခြေအနေကို လက်ခံနားလည်ပေးခဲ့ကြပေမဲ့လည်း အစပိုင်းမှာတော့ Jia ဟာ သူမကဲ့သို့သောအခြေအနေမျိုးနဲ့အမျိုးသမီးကို နားလည်လက်ခံနိုင်ပေမဲ့ ယောင်္ကျားမျိုးမရှိနိုင်ဘူးလို့ထင်နေခဲ့ပေမဲ့လည်း အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူမရဲ့အခြေအနေကိုနားလည်လက်ခံနိုင်ပေးတဲ့ စိတ်သဘောထားပြည့်ဝတဲ့ယောင်္ကျားမျိုးနဲ့ တွေ့ဆုံခဲ့ရပါတယ် ။

သူမရဲ့နောက်ယောင်္ကျားဟာ သူမကိုနားလည်လက်ခံပေးရုံတင်မက ၊ သူမခင်ပွန်းဟောင်းကိုပါ ပြုစုစောင့်ရှောက်ပေးတဲ့တာဝန်မျိုး အလှည့်ကျလုပ်ဆောင်ပေးတဲ့အပြင် ၊ သူမတို့မိသားစုကိုလည်း ငွေရေးကြေးရေးထောက်ပံ့ပေးခဲ့ပါတယ် ။ Jia ဟာ သူမဘယ်လောက်ပဲ အခက်အခဲမျိုးတွေနဲ့ ကြုံရပါစေ အားပေးမှု နဲ့ အချစ်စစ်သာ သူမရဲ့ဘဝမှာရှိနေရင် သူမအရာအားလုံးဖြတ်ကျော်နိုင်တယ်ဆိုပြီးတော့ ဖြေကြားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*