ကျန်းမာခြင်း နှင့် အသက်ရှည်ခြင်း အကြောင်းဟောပြောနေတုန်း နှလုံးရပ်ပြီးသေဆုံးသွားခဲ့တဲ့ ကုမ္ပဏီ CEO

တရုတ်နိုင်ငံ Guangdong ပြည်နယ်မှာရှိတဲ့ ကျန်းမာရေးနှင့်ပက်သက်တဲ့ကုမ္ပဏီတစ်ခုရဲ့ CEO တစ်ယောက်ဟာ ကျန်းမာခြင်း နှင့် အသက်ရှည်ခြင်း အကြောင်းအရာများဟောပြောဆွေးနွေးနေစဉ် ရုတ်တရက်လဲကျပြီး သေဆုံးသွားခဲ့ရပါတယ် ။ Chen Pei Wen အမည်ရှိတဲ့ Guangdong Zhongyi Health Technology Co.,Ltd ရဲ့ CEO တစ်ဦးရဲ့ ဟောပြောပွဲvideo ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ November 17 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

နှလုံရောဂါဖောက်၍ လဲကျသွားခဲ့ရတာဖြစ်ပြီး ကံဆိုးစွာနဲ့ အဆိုပါနေရာတွင်ပင် အသက်သေဆုံးသွားခဲ့ရပါတယ် ။ အရင်နှစ်တွေတုန်းက အဆိုပါ CEO ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ချိန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း 20 ခန့်က နှလုံးခွဲစိတ်ကုသခြင်းကိုခံယူခဲ့ကဖူးကြောင်း သိရှိရပါတယ် ။

ပုံမှန်အခြေအနေအရ Mr Chen ဟာ အဆိုပါ ဟောပြောပွဲပြီးဆုံးပြီးရင်တော့ ဆေးရုံသို့သွားပြီး ကုသမှုခံယူဖို့ပြင်ဆင်ခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ နှလုံးရောဂါဟာ စောပြီးဖောက်ပြန်လာခဲ့တာဖြစ်တဲ့အတွက် တစ်ချိန်တည်းမှာတင် သေဆုံးသွားခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*