မင်္ဂလာဆောင်တော့မဲ့ မြေးမလေးကို အနှောင့်အယှက်မဖြစ်စေချင်လို့ တိတ်တဆိတ်သာခိုးကြည့်နေခဲ့တဲ့ အဘွားရဲ့အဖြစ်

မင်္ဂလာပွဲဆိုတာက မိသားစုတွေအတွက်တော့ ဝမ်းသာစေသလို ၊ ဝမ်းနည်းစေတဲ့ အဖြစ်အပျက်တွေလည်း ရောရှပ်နေတာပါ ။ ဘာလို့လည်းဆိုတော့ မိသားစုဝင်တစ်ယောက်တိုးလာသလို ၊ မိသားစုဝင်တစ်ယောက် ရော့သွားတာလဲ အတူတူပါပဲ ။

တစ်ချို့ဆိုရင် ကိုယ့်ရဲ့သားသမီးတွေဟာ မင်္ဂလာပွဲပြီးဆုံးတာနဲ့ တစ်အိုးတစ်အိမ်တည်ထောင်သွားကြတာမျိုးလည်း ရှိလို့ မိဘတွေကိုစွန့်ခွာသွားကြတာမျိုးလည်း ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Jiangsu ပြည်နယ်မှာရှိတဲ့အဘွားအိုဟာ သူမရဲ့မြေးမလေး မင်္ဂလာပွဲအတွက် မိတ်ကပ်လိမ်းခြယ်ပြီး ၊ ဓာတ်ပုံရိုက်နေတာကို အနှောင့်အယှက်မပေးချင်လို့ အခန်းတံခါးကနေသာ ရှောင်းကြည့်နေခဲ့တာပါ ။

Wang အမည်ရှိတဲ့ သတို့သမီးလေးဟာ သူမရဲ့မိဘနှစ်ပါးက သူမငယ်ရွယ်စဉ်ကတည်းက ကွာရှင်းသွားခဲ့လို့ အဘွားဖြစ်သူကပဲ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာပါ ။ ထို့ကြောင့် အဘွားဖြစ်သူရှောင်းကြည့်နေတာကို မြေးမလေးရဲ့ သူငယ်ချင်းကတွေ့မြင်သွားခဲ့လို့ အခန်းထဲခေါ်ဝင်ပြီး သူမတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အချိန်လေးကို အတူဖြတ်သန်းစေခဲ့ပါတယ် ။

မိဘတွေနဲ့ အဘိုးအဘွားတွေအချို့က သားသမီးတွေ စွန့်ပစ်သွားခဲ့ကြမှာကို ကြောက်ရွံ့နေခဲ့ကြပေမဲ့လည်း ယခု Wang ရဲ့အဘွားမှာတော့ အဆိုပါအဖြစ်မျိုးကို ကြောက်ရွံ့နေဖို့ မလိုတော့ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*