အယောင်ဆောင်ဘောလုံးသမားနဲ့ ချစ်သူရဲ့သစ္စာရှိမှုကိုစမ်းသပ်ခဲ့တဲ့ရလဒ်

ချစ်သူကိုမသင်္ကာဖြစ်နေတဲ့အမျိုးသားတစ်ဦးဟာ သူ့ကောင်မလေးကို သူမမသိစေဘဲ စမ်းသပ်ကြည့်တဲ့အခါ သစ္စာမရှိဘဲ ပရောပရည်လုပ်နေတဲ့ကြောင်းကို ဝှက်ထားတဲ့ကင်မရာကနေတဆင့် စိတ်ပျက်ဖွယ်တွေ့ခဲ့ရကြောင်း The Sun သတင်းစာမျက်နှာမှာ တွေ့ရှိရပါတယ်။


အဲဒီအမျိုးသမီးဟာ ကျော်ကြားတဲ့အမေရိကန်ဘောလုံးအားကစားသမားတစ်ယောက် အယောင်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်ကို ပရောပရီလုပ်ခဲ့သလို ဖုန်းနံပါတ်လည်း အလဲအထပ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါစုံတွဲရဲ့ (၈)လကြာဆက်ဆံရေးအခြေအနေကို ခိုင်မြဲမှုရှိ၊ မရှိ စမ်းသပ်ဖို့အတွက် HoneyTrap လို့ခေါ်တဲ့ Youtube Program တစ်ခုရဲ့ ဖန်တီးသူတွေနဲ့အတူ ထောင်ချောက်ဆင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။


ဗီဒီယိုထဲမှာ ဘောလုံးသမားဟန်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဟာ Starbucks အပြင်ဘက်မှာစောင့်နေတဲ့ အမျိုးသမီးဆီချဉ်းကပ်ပြီး သူမနဲ့စကားပြောခွင့်ရဖို့အတွက် ဘယ်အချိန်ရှိပြီလဲလို့ စတင်မေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဒုတိယမြောက်သရုပ်ဆောင်တစ်ယောက်က ဘောလုံးသမားအယောင်ဆောင်ထံပြေးလာပြီး စိတ်လှုပ်ရှားစွာနဲ့ ဓာတ်ပုံအတူရိုက်ဖို့ ခွင့်တောင်းပါတယ်။

ထိုအခါမှာအမျိုးသမီးက အဆိုပါဘောလုံးသမားအယောင်ဆောင်ရဲ့ ပါးကိုနမ်းနေခဲ့ပြီး selfie ရိုက်လိုက်ပါတယ်။ အယောင်ဆောင်လူက အမျိုးသမီးကိုယ်ကိုပတ်ချာလှည့်လိုက်ပြီးနောက် သူမရဲ့ဖုန်းနံပါတ်ကို တောင်းတဲ့အခါ အမျိုးသမီးက ချက်ခြင်းပဲ သူမရဲ့ဖုန်းနံပတ်ကို ကိုယ်တိုင်ရိုက်ထည့်ပေးလိုက်ပါတယ်။ ပိုဆိုးတာကတော့ သူမက ဘောလုံးသမားအယောင်ဆောင်ထားတဲ့လူကို ဆိုင်ရှေ့မှာ ချစ်သူကိုစောင့်နေတယ်လို့မပြောဘဲ သူငယ်ချင်းကိုစောင့်နေတယ်ဆိုတဲ့အကြောင်းပြောခဲ့တာပါ။


ဒီအဖြစ်ကို စတူဒီယိုမှာကြည့်နေတဲ့ ချစ်သူအမျိုးသားက အလွန်အမင်းတုန်လှုပ်သွားခဲ့ပါတယ်။ ယခုခေတ်မှာ ဘယ်အမျိုးသမီးကိုမှ ယုံကြည်လို့မရကြောင်းပြောပြီး သူမကို ရွံရှာစက်ဆုပ်မိကြောင်းဆဲဆိုကာ သူတို့ရဲ့ဇာတ်လမ်းလည်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*