
နှင်းဆီပန်းတွေဟာ မိန်းကလေးတိုင်း ကြိုက်လောက်တဲ့ အရာဖြစ်ပေမယ့် မိန်း ကလေးတစ်ယောက်ရဲ့ နှလုံးသားကို တကယ်ကြွေကျသွားလောက်တဲ့ အရာ ကတော့ အစားအစာပါ။ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ Annika Aguinaldo ဆို တဲ့ အသက်(၁၉)နှစ် အရွယ် ကောလိပ်ကျောင်းသူလေးမှာတော့ ဒီသဘော တရားကို ကောင်းကောင်းသိတဲ့ချစ်သူတစ်ယောက် ရှိတယ်လို့ ဆိုရမှာပါ။
သူမရဲ့ချစ်သူကောင်လေး Rico Villanueva က Suprise တစ်ခုလုပ်ပေးဖို့ ရှိတယ်လို့ သူမကို ပြောခဲ့ပြီးနောက် McDonald ရဲ့ကြက်ကြော်တွေကို ပန်းစည်းလိုလုပ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။တွဲလာတာအချိန်အတော်ကြာ ပြီဖြစ်တဲ့ သူတို့စုံတွဲရဲ့ ပထမဆုံး ဒိတ်လုပ်တဲ့နေရာဟာ သူတို့တက္ကသိုလ်ေ ကျာင်းနားကMcDonalds ဆိုင်လို့ သိရပါတယ်။ဒါကြောင့် ကြက်သားတုံးကြော် ဟာသူတို့အတွက်တစ်စွန်းတစ်စအရေးပါနေတာပါ။သူမရဲ့ချစ်သူကောင်လေး နေ့လယ်စာ မစားရသေးမှန်းသိလို့ ကောင်မလေးက ဒီကြက်သားလုံးတွေကို သွားပို့ပေးခဲ့ဖူးကြောင်း၊ဒါကြောင့်လည်း ဒီတစ်ကြိမ်မှာတော့ သူမကို ပန်းစည်း အဖြစ်လက်ဆောင်ပြန်ပေးခဲ့တာဖြစ်နိုင်တယ်လို့ ကောင်မလေးက ပြောခဲ့ပါတယ်။
“ပန်းမကြိုက်ဘူးလို့ သူကိုပြောဖူးတယ်။ဒါကြောင့် ဒီလိုမျိုးကြက်သားတုံးတွေကို ပန်းစည်းလိုလုပ်ပြီး လာပေးတာဖြစ်မယ်။ကျမတော့ ကမ္ဘာပေါ်မှာအပျော် ဆုံး မိန်းကလေးဖြစ်ရပြီ”လို့သူမရဲ့တွစ်တာစာမျက်နှာပေါ်မှာ ရေးခဲ့ပါတယ်။သူမတို့စုံတွဲရဲ့ ကြည်နူးစရာဓါတ်ပုံတွေကို likes လုပ်သူ(၃၉,၀၀၀)ကျော်ရှိခဲ့ပါတယ်။ အမျိုးသမီးတော်တော်များများကလည်းထူးဆန်းတဲ့ဒီစိတ်ကူးလေးကို သဘော ကျ၊အားကျနေကြပါတယ်။
Leave a Reply