တိချစ်သူတွေကြား မျက်ရည်မဆယ်နိုင်အောင် ကြေကွဲစေခဲ့တဲ့ အဖြစ်ပျက်လေးတစ်ခု

ပေါက်စလေးထဲက သေချာပြုစုယုယပေးခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်ဆိုတာ သခင်တွေအတွက်တော့ မိသားစုဝင်တစ်ယောက်လိုပါပဲ။ ခွေးလေးတွေ ၊ ကြောင်လေးတွေဟာ တစ်သက်လုံး သခင်တွေရဲ့ချစ်ခင်ကြင်နာမှုကို ခံခဲ့တဲ့အလျောက် သခင်တွေကိုလည်း စိတ်ချမ်းသာ ကြည်နူးမှုကို သူတို့လေးတွေက အပြည့်ဝပေးနိုင်ခဲ့ပါတယ်။ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရတဲ့အခါ ရင်ကွဲမတက်ခံစားရပါတယ်။ တိချစ်သူတွေကြား စိတ်မကောင်းစရာ ပို့စ်လေးတစ်ခုတက်လာခဲ့ပါတယ်။


အင်တာနက်အသုံးပြုသူ Merv Tolentino Dumanat ရဲ့ Siberian husky ခွေးလေး သွေးအလွန်ကျွံဆုံးရှုံးမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ နောက်ဆုံးချိန်ထိ သူ့ရဲ့ခွေးလေးနဲ့ မခွဲချင်ခဲ့ဘူး။

ခွေးလေး အနားမှာ ပန်းလေးတွေ ခြွေရံထားပြီး အလှဆင်ပေးထားတယ်။ သူ့ကလေးကို ဖက်ပြီး အကျယ်ကြီး အော်ငိုနေတာ တွေ့ရတယ်။ ရင်ထဲဘယ်လောက် ခံစားနေရမလဲဆိုတာ စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရနိုင်ပါဘူး။ Mervရဲ့ ဆွေမျိုးတွေလည်း စိတ်မကောင်းလို့ ဝမ်းနည်းကုန်ကြပါတယ်။ ဒီခွေးလေးဟာ Merv နဲ့ ၆နှစ်တာအတူရှိခဲ့ပြီး စားအတူ၊ သွားအတူ ၊ အိပ်အတူ best fri တွေဖြစ်ပါတယ်။


သဘာဝတရားအရ တွေ့ဆုံ ကြုံကြိုက် ခွဲခွာရမယ်ဆိုပေမယ့်လည်း ဒီလိုအခိုက်တန့်မှာတော့ ဘယ်သူမှ မျက်ရည်မကျပဲ နေမှာမဟုတ်ပါဘူး။ သံယောဇဉ်ရစ်တွယ်ပြီးမှ ရုတ်တရက်တိခနဲ ပြတ်လိုက်ရတဲ့ခံစားချက်ဟာ Merv ကိုကြည့်တာနဲ့ သိနိုင်ပါတယ်… အားတင်းထားပါ Merv ရေ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*