ဖောက်ပြန်နေတဲ့ခင်ပွန်းကို ပညာသားပါပါ ရပ်တန့်တားစီးနိုင်မယ့် နည်းလမ်းများ

တကယ်လို့များ သင့်ခင်ပွန်းဟာ ဖောက်ပြန်တဲ့ အရိပ်အယောင် သို့မဟုတ် ဖောက်ပြန်တယ်လို့ စိတ်ထဲကနေ ထင်ရတဲ့ အခြေအနေမျိုးမှာ ရန်သွားမတုန့်ပြန်ပါနဲ့။ ပွဲမကြမ်းပါနဲ့။ အခြေအနေက ပိုပြီးတင်းမာသွားနိုင်တယ်ဆိုတာ သင်လည်း သိထားလောက်ပါတယ်။ ဒီတော့ အောက်ပါအကြံပြုချက်အတိုင်း လိုက်နာဖို့ က တိုက်တွန်းချင်ပါတယ်။

 

(၁) အိမ်ထောင်ရေးသာယာမှုကို ပြန်သုံးသပ်ပါ

အရင်ဆုံး ကိုယ့်ရဲ့အိမ်ထောင်ရေးအခြေအနေ ဘာလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ်။ ဘာတွေ လစ်ဟင်းနေသလဲ၊ ကိုယ်ကပဲ အရမ်း နိုင်စားနေသလား၊ သူရဲ့ လိုအင်ဆန္ဒ မပြည့်ဝလို့လား၊ အခြားနှစ်ဦး နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖြေရှင်းရမယ့်
ပြဿမျိုးရှိရင်လည်း ကျေကျေလည်လည် ဆွေးနွေးဖို့ ပြင်ဆင်ပါ။

(၂) လှလှပပဝတ်စားဆင်ယင်ပါ (မွှေးကြိုင်သောရနံ့တွေနဲ့ ဖြီးလိမ်းပြင်ဆင်ပါ)

အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်တယ်ဆိုတာ အဓိကအကျဆုံးအချက်ကတော့ သင့်အလှကို သူ ညည်းငွေ့ခြင်းကြောင့်ဆိုတာ မမေ့ပါနဲ့။ ဒီတော့ အရင်ဆုံး သင် ပြင်ပြင်ဆင်ဆင် နေရတောမယ့်ဆိုတာ ကိုယ့်ကိုယ်ကို သိပါ။ အခြားမိန်းမကတောင် သူ့ကို စွဲဆောင်နိုင်သေးတာပဲ။ သင်ရဲ့ စွဲဆောင်မှုမှာ သူက ကြာရှည်ကျရှုံးခဲ့သူမို့ ပြန်ပြီး စွဲဆောင်ရင် ခဏပါ။ သူ ကြိုက်နှစ်သက်တဲ့ ရေမွေးလိုအရာမျိုး ပြန်သုံးသင့်ရင် သုံးရပါမယ်။

(၃) သိပ်ကိုထိန်းချုပ်ထားရာ ရောက်သလားဆန်းစစ်ပါ
နောက်တစ်ခုက သူ့ကို ဖိအားတွေနဲ့တစ်ကွ ကိုယ်က ကြိုးကိုင်ချယ်လှယ်နေမိသလား သုံးသပ်ဖို့ လိုပါတယ်။ အချို့မိန်းမတွေဟာ ကိုယ့်အတ္တကိုကျတော့ မမြင်တတ်ပါဘူး။ အမှန်တော့ လင်မယားကိစ္စမှာ ချုပ်ချယ်ခံရတဲ့သူက အရင် လမ်းသစ်ရှာတတ်တယ်ဆိုတာ သတိရှိပါ။ ဒီလိုတွေးမိတာနဲ့ လျှော့ပေးရမှာတွေ အများကြီးဆိုတာ သိသာလာမှာပါ။

(၄) ကောင်းကောင်းမွန်မွန် ချက်ကျွေးပါ

ယောက်ျားဆိုတာ အစားကောင်းအသောက်ကောင်း ကြိုက်ပါတယ်။ ဒီတော့ မောင်ရေ မနက်ဖြန် ဘာစားချင်လဲ … ဘယ်ဟင်းလေး ချက်စားရအောင် … ဘာမုန့်လုပ်ထားစေချင်လဲ … စသဖြင့် ဂရုတစိုက်မေးရင်း အမှတ်တွေ ပြန်ယူပါ။

(၅) ဂရုစိုက်ကြင်နာကြောင်းကို သိအောင်ပြပါ
အရေးကြီးဆုံးအချက်က သင်ဟာ ဘယ်သောအခါမှ သူ့အပေါ်မှာ အချစ်မပြယ်ဘူးဆိုတာ သူ သိပါစေ။ ဒီတော့ ခရာသင့်တာလေးတွေ ခရာမယ်၊ မူသင့်တာလေးတွေ မူမယ်၊ နွဲ့ဆိုး ဆိုးသင့်တာလေးတွေ ဆိုးမယ် … ဒါမှလည်း ယောက်ျားလုပ်သူက သင့်အချစ်ကို ကောင်းကောင်းနားလည်ပြီး သူမှားနေတဲ့ ခြေလှမ်းတွေကို ပြန်ပြင်သွားမှာပါ။ ဒါကိုလည်း သင် မသိချင်ယောင် ဆောင်ပြီး ခွင့်လွှတ်ပေးလိုက်ပါ။

 

zawgyi version

တကယ္လို႔မ်ား သင့္ခင္ပြန္းဟာ ေဖာက္ျပန္တဲ့ အရိပ္အေယာင္ သို႔မဟုတ္ ေဖာက္ျပန္တယ္လို႔ စိတ္ထဲကေန ထင္ရတဲ့ အေျခအေနမ်ိဳးမွာ ရန္သြားမတုန႔္ျပန္ပါနဲ႔။ ပြဲမၾကမ္းပါနဲ႔။ အေျခအေနက ပိုၿပီးတင္းမာသြားႏိုင္တယ္ဆိုတာ သင္လည္း သိထားေလာက္ပါတယ္။ ဒီေတာ့ ေအာက္ပါအႀကံျပဳခ်က္အတိုင္း လိုက္နာဖို႔ က တိုက္တြန္းခ်င္ပါတယ္။

(၁) အိမ္ေထာင္ေရးသာယာမႈကို ျပန္သုံးသပ္ပါ

အရင္ဆုံး ကိုယ့္ရဲ႕အိမ္ေထာင္ေရးအေျခအေန ဘာလဲဆိုတာ ျပန္သုံးသပ္ဖို႔ လိုပါတယ္။ ဘာေတြ လစ္ဟင္းေနသလဲ၊ ကိုယ္ကပဲ အရမ္း ႏိုင္စားေနသလား၊ သူရဲ႕ လိုအင္ဆႏၵ မျပည့္ဝလို႔လား၊ အျခားႏွစ္ဦး နဖူးေတြ႕ဒူးေတြ႕ ရင္ဆိုင္ေျဖရွင္းရမယ့္
ျပႆမ်ိဳးရွိရင္လည္း ေက်ေက်လည္လည္ ေဆြးေႏြးဖို႔ ျပင္ဆင္ပါ။

(၂) လွလွပပဝတ္စားဆင္ယင္ပါ (ေမႊးႀကိဳင္ေသာရနံ႔ေတြနဲ႔ ၿဖီးလိမ္းျပင္ဆင္ပါ)

အျခားမိန္းမတစ္ေယာက္နဲ႔ ေဖာက္ျပန္တယ္ဆိုတာ အဓိကအက်ဆုံးအခ်က္ကေတာ့ သင့္အလွကို သူ ညည္းေငြ႕ျခင္းေၾကာင့္ဆိုတာ မေမ့ပါနဲ႔။ ဒီေတာ့ အရင္ဆုံး သင္ ျပင္ျပင္ဆင္ဆင္ ေနရေတာမယ့္ဆိုတာ ကိုယ့္ကိုယ္ကို သိပါ။ အျခားမိန္းမကေတာင္ သူ႔ကို စြဲေဆာင္ႏိုင္ေသးတာပဲ။ သင္ရဲ႕ စြဲေဆာင္မႈမွာ သူက ၾကာရွည္က်ရႈံးခဲ့သူမို႔ ျပန္ၿပီး စြဲေဆာင္ရင္ ခဏပါ။ သူ ႀကိဳက္ႏွစ္သက္တဲ့ ေရေမြးလိုအရာမ်ိဳး ျပန္သုံးသင့္ရင္ သုံးရပါမယ္။

(၃) သိပ္ကိုထိန္းခ်ဳပ္ထားရာ ေရာက္သလားဆန္းစစ္ပါ
ေနာက္တစ္ခုက သူ႔ကို ဖိအားေတြနဲ႔တစ္ကြ ကိုယ္က ႀကိဳးကိုင္ခ်ယ္လွယ္ေနမိသလား သုံးသပ္ဖို႔ လိုပါတယ္။ အခ်ိဳ႕မိန္းမေတြဟာ ကိုယ့္အတၱကိုက်ေတာ့ မျမင္တတ္ပါဘူး။ အမွန္ေတာ့ လင္မယားကိစၥမွာ ခ်ဳပ္ခ်ယ္ခံရတဲ့သူက အရင္ လမ္းသစ္ရွာတတ္တယ္ဆိုတာ သတိရွိပါ။ ဒီလိုေတြးမိတာနဲ႔ ေလွ်ာ့ေပးရမွာေတြ အမ်ားႀကီးဆိုတာ သိသာလာမွာပါ။

(၄) ေကာင္းေကာင္းမြန္မြန္ ခ်က္ေကြၽးပါ

ေယာက္်ားဆိုတာ အစားေကာင္းအေသာက္ေကာင္း ႀကိဳက္ပါတယ္။ ဒီေတာ့ ေမာင္ေရ မနက္ျဖန္ ဘာစားခ်င္လဲ … ဘယ္ဟင္းေလး ခ်က္စားရေအာင္ … ဘာမုန႔္လုပ္ထားေစခ်င္လဲ … စသျဖင့္ ဂ႐ုတစိုက္ေမးရင္း အမွတ္ေတြ ျပန္ယူပါ။

(၅) ဂ႐ုစိုက္ၾကင္နာေၾကာင္းကို သိေအာင္ျပပါ
အေရးႀကီးဆုံးအခ်က္က သင္ဟာ ဘယ္ေသာအခါမွ သူ႔အေပၚမွာ အခ်စ္မျပယ္ဘူးဆိုတာ သူ သိပါေစ။ ဒီေတာ့ ခရာသင့္တာေလးေတြ ခရာမယ္၊ မူသင့္တာေလးေတြ မူမယ္၊ ႏြဲ႕ဆိုး ဆိုးသင့္တာေလးေတြ ဆိုးမယ္ … ဒါမွလည္း ေယာက္်ားလုပ္သူက သင့္အခ်စ္ကို ေကာင္းေကာင္းနားလည္ၿပီး သူမွားေနတဲ့ ေျခလွမ္းေတြကို ျပန္ျပင္သြားမွာပါ။ ဒါကိုလည္း သင္ မသိခ်င္ေယာင္ ေဆာင္ၿပီး ခြင့္လႊတ္ေပးလိုက္ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*