ပိုင်ရှင်အသစ် မအိပ်ခင် အမြဲစောင့်ကြည့်နေတတ်တဲ့ ခွေးတစ်ကောင်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်း

ခွေးများဟာ လူသားတွေအတွက် သစ္စာအရှိဆုံး မိတ်ဆွေဖြစ်တဲ့ တိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။ဒါအပြင်ခွေးများဟာ သူတို့ရဲ့ သခင်ကိုကောင်းစွာမှတ်သားထားနိုင်ပြီး လူတွေက စွန့်ပစ်မသွားချင်း အမြဲ သစ္စာရှိလေ့ရှိကြပါတယ်။အခု ဒီဖြစ်ရပ်လေးမှာ လည်း ခွေးတွေရဲ့ သစ္စာရှိမှုနဲ့ မှတ်သားနိုင်စွမ်းကို ကြေကွဲဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။တရုတ်နိုင်ငံမှ လူတစ်ယောက်ဟာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာမှ ရွှေရောင်ခွေးတစ်ကောင်ကို ခေါ်ယူပြီး ကျွေးမွေးခဲ့ပါတယ်။ခွေးဟာနေ့ခင်းဘက်ကျရင် သာမန်ဖြစ်ပေမဲ့ ညဘက်တိုင်းမှာ သူ့သခင် အိပ်ပျော်သွားတာကို လာစောင့်ကြည့်လေ့ရှိပါတယ်။


ညတိုင်း ညတိုင်း ခွေးက အခုလို ထူးထူးဆန်းဆန်း လာကြည့်နေတဲ့ အတွက် သခင်အသစ် ဖြစ်သူကလည်း ခွေးကို အရင်အိပ်ပျော်သွားဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ခွေးဟာ ပင်ပန်းရင် စောစောအိပ်ပျော်သွားမှာပဲဆိုတဲ့ အကြံနဲ့ နေ့ခင်းဘက်အချိန်တွေမှာ ခွေးနဲ အတူတူ ကစားပေးပြီး ခွေးအရင် အိပ်ပျော်သွားအောင်လုပ်ဆောင်ခဲ့ပေမဲ့ခွေးဟာ သခင်ဖြစ်သူ အိပ်ပျော်သွားတာကို ညတိုင်းလာစောင့်ကြည့်လေရှိပြီး သခင်အိပ်ပျော်သွားမှ သူလည်း အိပ်စက်လေ့ရှိပါတယ်။

နောက်ဆုံးမှာတော့ ဒီလိုထူးထူးဆန်းဆန်းလုပ်နေတဲ့ ခွေးကြောင့် အနေရခက်လာတဲ့ ခွေးပိုင်ရှင်က ထိုခွေးကို တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ဘာကြောင့် ဒီခွေး ထူးထူးဆန်းဆန်းတွေ လုပ်နေရသလဲဆိုတာကို မေးမြန်းစုံစမ်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ခွေးရဲ့ ထူးထူးဆန်းဆန်းဆန်း အပြုအမူတွေ နောက်မှာတော့ ကြေကွယ်ဖွယ် ဖြစ်ရပ်တစ်ခုရှိနေတာကို ခွေးပိုင်ရှင် အသစ်က သိခဲ့ရပါတယ်။


ခွေးရဲ့ ပထမပိုင်ရှင်ဟာခွေးကို အိပ်ဆေးတိုက်ပြီး ခွေးအိပ်ပျော်နေစဉ်မှာတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာသို့ပို့ခဲ့တာ ဖြစ်ပါတယ်။ခွေးနိုးလာတဲ့ အချိန်မှာတော့ သခင်ဖြစ်သူ ကိုလိုက်ရှာခဲ့ပေမဲ့ လှောင်အိမ်ထဲမှာရောက်နေခဲ့ပြီး တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာမှ ဝန်ထမ်းရဲ့ အဆိုအရ ပထမပိုင်ရှင်ဟာခွေးကြီးလာတာနဲ့ အမျှ ခွေးကို ကျွေးမွေးစောင့်ရှောက် ဖို့မတတ်နိုင်တော့တဲ့ အတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာသို့ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်ကို သေချာ မှတ်သားခဲ့တဲ့ ခွေးဟာ ညသန်းခေါင်မှာ သခင်ဖြစ်သူ သူ့ကို မထားသွားဖို့ သခင်ဖြစ်သူ အိပ်နေလား ဆိုတာကို သေချာအောင် ညတိုင်းလာကြည့်နေတာ ဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*