လတ်တလောမှာနိုင်ငံပေါင်းစုံက လေးစားအာကျနေရတဲ့ချစ်စရာအမွှာညီအမ

အရှေ့တရုတ်နိုင်ငံ Jiangsu ပြည်နယ်၏ မြို့တော်နန်ကျင်း မှာနေထိုင်တဲ့ အမွှာညီမနှစ်ယောက်ကတော့ လတ်တလော မှာ လူအများ၏စိတ်ဝင်စားမှုကိုအများဆုံးခံနေရတယ်လို့သိရပါတယ်။ထိုအမွှာညီအစ်မရဲ့နာမည်ကတော့ Sun Yumeng နဲ့ Sun Yutong တို့ဖြစ်တယ်လို့သိရပါတယ်။

သူမတို့ညိအမနှစ်ယောက်ကတော့ ဘက်စုံထူးချွန်ပြီး ရုပ်ရည်လဲချောမောလှပသည့်အပြင် ဟားဗတ်တက္ကသိုလ်ကနေ တစ်နှစ်ထဲဘွဲ့အတူရခဲ့တဲ့အတွက် လူအများကြားရေပန်းစားနေတာဖြစ်တယ်လို့လဲသိရပါတယ်။

ထိုညီအစ်မနှစ်ယောက်ကတော့ ငယ်ရွယ်စဉ်အခါထဲက ပညာရေးမှာအရမ်းထူးချွန်တယ်လို့သိရပါတယ်။ နှစ်ယောက်အတူညီညီညွတ်ညွတ်နဲ့ ပညာတွေကိုအတူတကွဆည်းပူးလေ့လာခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာရယူနိုင်ခဲ့သလို အားကစားဘက်မှာလည်း နိုင်ငံအဆင့်ဆုတံဆိပ်တွေပါ ဆွတ်ခူးရရှိခဲ့တယ်လို့လဲသိရပါတယ်။

ရုပ်ရည်ရူပကာကလဲချောမောလှပလှတဲ့အပြင် လူအများစုမတက်ရောက်နိုင်တဲ့ ဟားဗတ်တက္ကသိုလ်ကနေ တနှစ်ထဲအတူတူဘွဲ့ရခဲ့တဲ့အတွက်ကြောင့် လူစိတ်ဝင်စားမှုအများဆုံးခံနေရတယ်လို့လဲသိရပါတယ်။သူတို့ညီမနှစ်ယောက်ကတော့ အခုအချိန်မှာ ကမ္ဘာတစ်ဝန်းလုံးကကျောင်းသားကျောင်းသူများလေးစားအားကျရတဲ့ စံနမူနာပုဂ္ဂိုလ်တွေအဖြစ်ရပ်တည်နေတယ်လို့လဲသိရပါတယ်။

သူမတို့ရဲ့မိခင်ဖြစ်သူကလဲ အခုလိုသမီးလေးနှစ်ယောက်ပို်င်ဆိုင်ထားတဲ့အတွက် အရမ်းဂုဏ်ယူပျော်ရွှင်ရတယ်လို့လဲသိရပါတယ်။ သူမအနေနဲ့အတိတ်ဘဝက ကမ္ဘာကြီးကိုကယ်တင်ကယ်ခဲ့ဖူးလို့ကံအလွန်ကောင်းပြီးအခုလိုသမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ရတာလားလို့တောာင်တွေးထင်မိနေတယ်လို့သိရပါတယ်။

ထိုညီအစ်မ့နှစ်ယောက်ရဲ့ဘဝဖြတ်သန်းမှု ၊ကြိုးစားအားထုတ်မှုတွေကို နိုင်ငံပေါင်းစုံက မီဒီယာမျိုးစုံကလဲ လေးစားအတုယူဖွယ်ကောင်းလောက်အောင်ရေးသားဖော်ပြနေကြတယ်လို့လဲသိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*