
ရုရှနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့တဲ့ အသက်(85)နှစ်အရွယ် Ivan Krasko ဟာ ဘဝအသစ်တစ်ခုကို စတင်ဖို့ သူ့ထက် အသက်(60) ငယ်တဲ့ Natalia အမည်ရတဲ့ အမျိုးသမီးနဲ့လေးနဲ့ လက်ထပ်ခဲ့ပါတယ်။ Natalia ဟာ အခု (25)နှစ် ပြည့်ပါပြီ။
Ivan ဟာ ဆိုဗီယက်ရုပ်ရှင်ခေတ်ကိုလည်း ကောင်းကောင်းမီခဲ့ပြီး ခေတ်ပေါ်ရုပ်ရှင်ဘက်မှာလည်း အောင်မြင်မှု မသေးခဲ့ပါဘူး။ သူဟာ ရုပ်ရှင်ဇာတ်ကားပေါင်း 140 ကျော် ရိုက်ကူးခဲ့ပါတယ်။ အခု သူ့ဇနီးချေားလေး Natalia ဟာ သူနဲ့ အသက်အရွယ် မြေအဖိုးအရွယ်မက ကွာခြားလွန်းတယ်ဆိုတာ မှန်ပေမယ့် သူ့ကို နုပျိုမှုတွေ ပေးကြောင်း Ivan က ဆိုပါတယ်။
သူတိုနှစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ (၉)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး၊ အခုအချိန်ထိ လင်မယားနှစ်ယောက်ကြားမှာ နားလည်မှုရှိစွာနဲ့ အဖုအထစ်မရှိ ပျော်ရွှင်နေရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို မမြင်ရရင် မနေနိုင်လောက်အောင် ချစ်ကြပြီး Ivan ဒီအသက်အရွယ်အထိ ရပ်တည်နေနိုင်ခြင်းဟာ ဇနီး Natalia ရဲ့ အပြုအစု ကောင်းမှုကြောင့်လို့ အဖိုးကြီးက ဝန်ခံပါတယ်။
Ivan ဟာ သရုပ်ဆောင်အလုပ်တင်မက တက္ကသိုလ်မှာ သင်ကြားရေးဆရာအဖြစ်လည်း လုပ်ခဲ့ဖူးပြီး သူတို့နှစ်ယောက်ဟာ ဆရာတပည့်ဘဝနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ Natalia ဟာ သူမရဲ့ မိခင်ဖြစ်တဲ့ Svetlana ကို ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်လို့ တစ်နှစ်ပြည့် နှစ်ပတ်လည်ပွဲမှ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။Ivan က သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ” ကျွန်တော့်ဇနီးဆီကနေ ကျွန်တော် စွမ်းအင်တွေ အများကြီး ရပါတယ် …
ဒါကြောင့်လည်း ဇနီးက … ရှင်ဟာ စွမ်းအင်တွေကို စုပ်ယူတဲ့ဖုတ်ကောင်ကြီးပဲလို့ နောက်လေ့ရှိပါတယ် … အဲဒီလိုအခါတိုင်း ကျွန်တော်က မိန်းမကို ဘာပြန်ပြောသလဲဆိုရင် … ဟုတ်တယ် … ငါက အပြည့်အဝစွမ်းအင်စုပ်သမားကြီးပဲ … အဲဒီလူကြီးက ဒီလို ခံစားချက်တွေကို အထူးနှစ်သက်တယ်လို့ ပြန်ပြောလေ့ရှိပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။
Ivan တို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က St Petersburg Institute of Liberal Education တက္ကသိုလ်မှာ ဆရာတပည့်ပုံစံနဲ့ ဆုံခဲ့ကြပြီး၊ Natalia က Ivan ဆီကို ကဗျာတွေရေးပို့ကာ ဇာတ်လမ်းတွေ စတင်ခဲ့တာလို့ သိရပါတယ်။ Ivan ဟာ ယခင်က ဇနီးသုံးယောက်နဲ့ အိမ်ထောင်ကျခဲ့ပြီး Natalia ဟာ စတုတ္ထမြောက် ဇနီးဖြစ်ပါတယ်။ ယခင်ဇနီးများနဲ့ သားသမီးငါးယောက် ထွန်းကားခဲ့ပါတယ်။
Leave a Reply