
တရုတ်အစိုးရဟာ ဈေးကွက်တင်ဖို့ အဆင်သင့်နီးပါး ရှိနေပြီဖြစ်တဲ့ ကိုဗစ်ဆေးနဲ့ ဆေးထိုးကုသပေးမှု လုပ်ငန်းစဉ်တစ်ချို့ကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး တရုတ်အစိုးရအတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပထမဦးစားပေးအဖြစ် ဆေးထိုးပေးပြီသွားပြီလို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာလကိုရောက်ရင် တရုတ်ပြည်တွင်းဈေးကွက်မှာ ကိုဗစ်ကုသဆေးကို စတင်ဝယ်ယူရရှိနိုင်ဖို့ ရှိနေပြီး အဲ့ဒီကနေတစ်ဆင့် ပြည်ပဈေးကွက်တွေဆီကို ဆက်လက်ဖြန့်ချိသွားဖို့ တရုတ်အစိုးရအာဏာပိုင်တွေနဲ့ တရုတ်ဆေးသုတေသနလုပ်ငန်းစုတွေက စီစဉ်ထားပါတယ်။ တရုတ်ဆေးသုတေသနလုပ်ငန်းစုတွေဟာ ကိုဗစ်ဆေး ငါးမျိုး စမ်းသပ်ထုတ်လုပ်နေပြီး လက်ရှိမှာ နှစ်မျိုးက နောက်ဆုံးအဆင့်ဖြစ်တဲ့ ဆေးထုတ်လုပ်ရောင်းချနိုင်ဖို့ အနေအထားဆီကို ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
သတင်းတွေအရ တရုတ်အစိုးရဟာ ကိုဗစ်ဆေးထိုးပေးပြီးသားသူတွေကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်ထုတ်ပေးထားပြီး ၊ ထောက်ခံချက်မှာ QR Code နဲ့ ID နံပါတ်စနစ်တွေ ပါရှိတယ်တာကြောင့် စစ်ဆေးဖို့ လွယ်ကူပြီး လိမ်ညာလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ ဆေးမတည့်မှုတွေရှိခဲ့ရင်လည်း အလွယ်တကူအဖြေရှာနိုင်မယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးဌာနကြီးဖြစ်တဲ့ WHO ကတော့ လက်ရှိမှာ ကိုဗစ်အတွက် ဆေးတွေ ထွက်လာနိုင်ဖို့ ရှိပေမယ့် ၂၀၂၂ အထိ ဆေးလုံလောက်မှု ရှိနိုင်ဦးမှာမဟုတ်လို့ Mask တပ်တာ ၊ Social Distancing လုပ်တာ အစရှိတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းသွားပါတယ်
ZawGyi
တ႐ုတ္အစိုးရဟာ ေဈးကြက္တင္ဖို႔ အဆင္သင့္နီးပါး ရွိေနၿပီျဖစ္တဲ့ ကိုဗစ္ေဆးနဲ႔ ေဆးထိုးကုသေပးမႈ လုပ္ငန္းစဥ္တစ္ခ်ိဳ႕ကို စတင္ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး တ႐ုတ္အစိုးရအတြက္ တာဝန္ထမ္းေဆာင္ေပးေနတဲ့ ႏိုင္ငံ့ဝန္ထမ္းေတြကို ပထမဦးစားေပးအျဖစ္ ေဆးထိုးေပးၿပီသြားၿပီလို႔ သိရပါတယ္။
လာမယ့္ ႏိုဝင္ဘာလကိုေရာက္ရင္ တ႐ုတ္ျပည္တြင္းေဈးကြက္မွာ ကိုဗစ္ကုသေဆးကို စတင္ဝယ္ယူရရွိႏိုင္ဖို႔ ရွိေနၿပီး အဲ့ဒီကေနတစ္ဆင့္ ျပည္ပေဈးကြက္ေတြဆီကို ဆက္လက္ျဖန႔္ခ်ိသြားဖို႔ တ႐ုတ္အစိုးရအာဏာပိုင္ေတြနဲ႔ တ႐ုတ္ေဆးသုေတသနလုပ္ငန္းစုေတြက စီစဥ္ထားပါတယ္။ တ႐ုတ္ေဆးသုေတသနလုပ္ငန္းစုေတြဟာ ကိုဗစ္ေဆး ငါးမ်ိဳး စမ္းသပ္ထုတ္လုပ္ေနၿပီး လက္ရွိမွာ ႏွစ္မ်ိဳးက ေနာက္ဆုံးအဆင့္ျဖစ္တဲ့ ေဆးထုတ္လုပ္ေရာင္းခ်ႏိုင္ဖို႔ အေနအထားဆီကို ေရာက္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။
သတင္းေတြအရ တရုတ္အစိုးရဟာ ကိုဗစ္ေဆးထိုးေပးျပီးသားသူေတြကို ကာကြယ္ေဆးထိုးျပီးေၾကာင္း ေထာက္ခံခ်က္ထုတ္ေပးထားျပီး ၊ ေထာက္ခံခ်က္မွာ QR Code နဲ႔ ID နံပါတ္စနစ္ေတြ ပါရွိတယ္တာေၾကာင့္ စစ္ေဆးဖို႔ လြယ္ကူျပီး လိမ္ညာလို႔ မရႏိုင္ဘူးလို႔ ဆိုပါတယ္။ ေဆးမတည့္မႈေတြရွိခဲ့ရင္လည္း အလြယ္တကူအေျဖရွာႏိုင္မယ္လို႔ သိရပါတယ္။
ကမၻာ့က်န္းမာေရးဌာနၾကီးျဖစ္တဲ့ WHO ကေတာ့ လက္ရွိမွာ ကိုဗစ္အတြက္ ေဆးေတြ ထြက္လာႏိုင္ဖို႔ ရွိေပမယ့္ ၂၀၂၂ အထိ ေဆးလံုေလာက္မႈ ရွိႏိုင္ဦးမွာမဟုတ္လို႔ Mask တပ္တာ ၊ Social Distancing လုပ္တာ အစရွိတဲ့ ကာကြယ္ေရးနည္းလမ္းေတြကို ဆက္လက္လုပ္ေဆာင္သြားဖို႔လည္း တိုက္တြန္းသြားပါတယ္
Leave a Reply