ချစ်သူက Propose လုပ်တဲ့ညမှာပဲ ရှိသမျှပစ္စည်း အခိုးခံလိုက်ရတဲ့ မိန်းကလေးရဲ့အဖြစ်

Yvonne Yong အမည်ရှိတဲ့မိန်းကလေးနဲ့ သူမရဲ့မလေးရှားနိုင်ငံသား ချစ်သူကောင်လေးတို့ဟာ အားလပ်ရက်ခရီးကို ထိုင်းနိုင်ငံ ၊ Koh Phangan ကျွန်သို့အတူ သွားရောက်ခဲ့ကြပါတယ် ။ အဆိုပါနေရာသို့ ရောက်ရှိတော့ သူမရဲ့ချစ်သူဟာ သူမကို Romantic ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့ပြီးနောက် အဆိုပါညမှာပဲ သူမတို့နေထိုင်တဲ့ ဟိုတယ်ဝန်းထဲက အပန်းဖြေအိမ်လေးဟာ သူခိုးရဲ့ဖောက်ထွင်းဝင်ရောက်ခိုးယူခြင်းခံခဲ့ရပြီး သူမတို့ရဲ့ ပိုက်ဆံအိတ်တွေ ၊ ဖုန်းတွေ ၊ passport တွေစတဲ့ ပါလာသမျှပစ္စည်း အကုန်အခိုးခံခဲ့ရလို့ တန်ဖိုးငွေ RM 15,270 ( မြန်မာငွေ သိန်း 50 ကျော်) ခန့်ခိုးယူခံခဲ့ရကြောင်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ December 14 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဆိုပါဟိုတယ်ရဲ့ အစောင့်ဝန်ထမ်းတစ်ဦးကသာ အပန်းဖြေတည်ခိုးအိမ် 50 လုံးခန့်ကို ကင်လှည့်ခဲ့ရကြောင်းနှင့် အဆိုပါညက အစောင့်ဝန်ထမ်းဟာ သူ၏ဇနီး နေမကောင်းဖြစ်၍ နေအိမ်ပြန်သွားခဲ့တာလည်း ဖြစ်ပါတယ် ။

ဟိုတယ်ဝန်းမှာ ဝင်ပေါက်နှစ်ပေါက်သာရှိပေမဲ့လည်း CCTV နှစ်ခုလုံးမှာ မည့်သည့်လူကိုမှ ရိုက်ယူထားမိတာမရှိကြောင်းသိရှိရပါတယ် ။ သူမတို့ဟာ Passport ပျောက်ဆုံးသွားလို့ ရဲစခန်းသို့တိုင်ကြားထားရပြီး သူမတို့ရဲ့ခရီးစဉ်လည်းပျက်ဆီးသွားရကြောင်း သိရှိရပါတယ် ။

သူမတို့နဲ့အတူလိုက်ပါလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်မှာလည်း သူခိုးဝင်ရောက်လာစဉ်အချိန်က အခန်းထဲမှာရှိနေခဲ့ပေမဲ့လည်း သူမကသရဲလို့သာထင်နေခဲ့လို့ တိတ်တဆိတ်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို ဟိုတယ်ဖက်ကလည်း တာဝန်ယူပေးခြင်းမရှိတဲ့အပြင် ၊ ရဲအရာရှိတွေကလည်း အရေးတယူဆောင်ရွက်ပေးခြင်းမျိုးမရှိခဲ့တဲ့အတွက် အတော်လေးစိတ်ပျက်ခဲ့ရကြောင်း သူမရဲ့ Facebook စာမျက်နှာပေါ်မှာလည်း ရေးသားခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*