မီးဖွားနေတဲ့ဇနီးသည် ရယ်မောနိုင်စေရန်အတွက် မီးဖွားခန်းထဲမှာ ကပြခဲ့တဲ့ အချစ်ပိုလွန်းတဲ့ ခင်ပွန်းသည်ရဲ့ (ရုပ်သံ)

ဇနီးသည်ကိုအားပေးဖို့အတွက် မီးဖွားခန်းထဲကိုလိုက်ဝင်ခဲ့ကြတဲ့ ခင်ပွန်းသည်တွေကို အချစ်ကြီးလွန်းတယ်လို့ဆိုကြပါတယ် ။ ဒါပေမဲ့ တရုတ်နိုင်ငံက ခင်ပွန်းသည်တစ်ယောက်ကတော့ ထင်ထားတာထက်အချစ်ပိုလွန်းတယ်လို့ ဆိုရမှာပါပဲ ။ Hainan ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာပြီးခဲ့တဲ့ June 27 ရက်နေ့ မနက်3နာရီမှာ မွေးဖွားဖို့အတွက် ဆေးရုံသို့အလျင်အမြန်သွားရောက်ခဲ့ပါတယ် ။ ထို့ကြောင့် Wang အမည်ရှိတဲ့ ခင်ပွန်းဖြစ်သူမှာလည်း အခြားသောခင်ပွန်းသည်တွေလို မွေးခန်းထဲအထိ လိုက်ဝင်ခဲ့ပါတယ် ။

ပထမဆုံးအကြိမ် မီးဖွားခြင်းဖြစ်ပြီး ၊ အသက်အရွယ်မှာလည်း 35နှစ်အထက်ဖြစ်နေတဲ့ ဇနီးသည်မှာ မီးဖွားရန်အတွက် စိတ်လှုပ်ရှားနေခဲ့ပါတယ် ။ Wang မှာ ဇနီးသည်၏နာကျင်ခံစားနေရမှုကို မကြည့်နိုင်တော့ဘဲ ဇနီးသည်နာကျင်မှုလျော့ပါးသွားစေရန်အတွက် ဆရာဝန်ကိုထုံဆေးထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ထို့နောက် အကဆရာတစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်နေခဲ့တဲ့ Wang ဟာ အကြံဉာဏ်တစ်ခုရလာပြီး ” မိန်းမ ငါမင်းကိုကပြမယ် ၊ သေချာတာကတော့ ငါကတာကိုမင်းကြည့်လိုက်ရင် မင်းတအားမနာကျင်တော့ဘူး ” ဟုဆိုပြီး သီချင်းကိုဖွင့်ကာ သူ၏ဇနီးသည်ရဲ့ မွေးကုတင်ရှေ့မှာ တရုတ်ရိုးရာအကကို ကပြခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ ဇနီးသည်ဖြစ်သူမှာလည်း အာရုံပြောင်းသွားနိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ကပြဖျော်ဖြေမှုကိုကြည့်ကာ တခစ်ခစ်ရယ်မောခဲ့ပါတယ် ။ ဆေးရုံက ဝန်ထမ်းတစ်ဦးမှာလည်း Wang ၏ချစ်ဖို့ကောင်းလှတဲ့ ကပြဖျော်ဖြေမှုကို အလျင်အမြန် video record လုပ်ပြီး ရုပ်ကူးနိုင်ခဲ့ပါတယ် ။ မကြာခင်မှာပဲ သားယောင်္ကျားလေးကို အန္တရာယ်ကင်းကင်းစွာမွေးဖွားနိုင်ခဲ့ပြီး Wang နှင့် သူ၏ဇနီးမှာ ပျော်ရွှင်စွာနဲ့ သူတို့ရဲ့သားဦးလေးကို ကြိုဆိုခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*