တရုတ်ပြည်မှာ ရည်းစားငှားခြင်း ခေတ်စားလာ

တရုတ်ပြည်မှာ ရည်းစား အငှားလိုက်တဲ့ ဝန်ဆောင်မှု ရေပန်းစား လာကြောင်း သိရ ပါတယ်။

အထူးသဖြင့် အမျိုးသမီးများက အငှားလိုက်ခြင်း ဖြစ်ပါတယ်။ တရုတ်ပြည် မှာ က အမျိုးသား အရေအတွက်က အမျိုးသမီအရေအတွက် ထက် များပါ တယ်။ ဒါကြောင့်ပဲ တရုတ် အမျိုးသား တစ်ဦး အိမ်ထောင်ပြု ဖို့ဆိုတာ သူနဲ့ ချစ်ခင်နှစ်သက်မယ့် အမျိုးသမီးကို အင်မတန် ရှာရခက် ပါတယ်။ ဒါကြောင့် ပဲ အမျိုးသမီးများက

ရည်းစား အငှားလိုက်ခြင်း ဝန်ဆောင်မှုကို စပေး ပါတယ်။တစ်ပတ် အငှားလိုက်ခကို ၃၁ ဒေါ်လာ ဝန်းကျင် ကုန်ကျကြောင်း ဆိုပါတယ်။ သွားရတဲ့အိမ်ကလည်း အမျိုးသားရဲ့ မိသားစုအိမ် ဖြစ်ပါတယ်။ ထမင်းဟင်းချက်ပေးခြင်း၊ မိသားစုနဲ့ ဈေးဝယ်ထွက်ပေးခြင်း အစရှိတဲ့

ဝန်ဆောင်မှုတို့လည်း ပေးတယ်လို့ ဆိုပါတယ်။ အကယ်၍ ဝိုင်တွေ၊ အရက် တွေပါ တိုက်မယ် ဆိုရင်အဲ့ဒါတွေ သောက်ပေး ရတဲ့ အဖိုး အခ အနေနဲ့လည်း ဈေးနှုန်း ထပ်ယူ ပါသေးတယ်။

တရုတ်ပြည်က ebay လို့ အရောင်းအဝယ်နဲ့ ဆိုရှယ် ဝဘ်ဆိုဒ် တွေမှာ အဲ့လို ဝန်ဆောင်မှု ပေးတဲ့ အမျိုးသမီး များကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ အမျိုးသား အချို့လည်း ဝန်ဆောင်မှု ပေးပါတယ်။ ရည်ရွယ်ချက် ကတော့ နှစ်ကုန် အားလပ်ရက် သို့မဟုတ် အကြောင်း အမျိုးမျိုး ကြောင့် ပဲ ဖြစ်ဖြစ် မိသားစုနဲ့ ပြန်စုံတဲ့ အမျိုးသား များအတွက် ဝန်ဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။ မိသားစု ရှေ့မှာ တကယ် ရည်းစား ချစ်သူ ရလာကြောင်း သက်သေပြရန် ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ပြီးတော့ ပြင်သစ်နိုင်ငံမှာလည်း Girlfriend Rental Service ရေပန်းစားလာကြောင်း သိရ ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*