အလုပ်များစွာကို တပြိုင်နက် လုပ်တတ်သူတွေဟာ ကျန်းမာရေးထိခိုက်နိုင်

အလုပ်များစွာကို တစ်ချိန်တည်း လုပ်ကိုင်ဖို့ ကြိုးစားတဲ့အခါ ကျွနု်ပ်တို့ခန္ဓာကိုယ်မှ adrenaline နဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ စိတ်မထိန်းနိုင် ပိုဖြစ်လေ၊ ကျွနု်ပ်တို့ အလုပ် ပိုလုပ်မိလေဖြစ်ကာ စိတ်ဖိစီးမှု ပိုဖြစ်စေပြီး ပျော်ရွှင်မှုတောင် လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် ဒီလိုလူမျိုးတွေ လိုက်နာဖို့နဲ့သိထားဖို့ လိုတဲ့အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

အာရုံစူးစိုက်မှု ရှိပါစေ

ဥစ္စာကြွယ်ဝမှုနဲ့ အသက်မွေးမှု လုပ်ငန်းတွေအပေါ် ဦးစားပေးသူတွေဟာ အပျော်ဆုံးသူတွေ ဖြစ်ကြတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ ထမင်းစားနေစဉ် တစ်ဖက်မှာ ဆဲလ်ဖုန်းကြည့်နေမယ်ဆိုရင် မိသားစုတွေနဲ့ အချင်းချင်း ဆက်သွယ်စကားပြောဆိုမှု အခွင့်အရေး၊ တန်ဖိုးရှိတဲ့အချိန်တွေကို ရှုံးဆုံးပါလိမ့်မယ်။ အလုပ်များစွာကို တပြိုင်နက်ဆောင်ရွက်တာ အာရုံစိုက်မှုကို အမှန်တကယ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ခရေစေ့တွင်းကျ လုပ်တတ်တာ ပျော်ရွှင်မှု မဖြစ်စေတတ်ပါ

အလုပ်များစွာ တပြိုင်တည်း လုပ်သူတွေက တချိန်တည်းမှာ အလုပ်အမြောက်အများလုပ်ရင် ဘဝဟာ ပြည့်စုံပြီး ပျော်ရွှင်မှု ရစေမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ရည်မှန်းချက်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် စေ့စပ်သေချာမှု၊ ခရေစေ့တွင်းကျ လိုက်လုပ်ခြင်းက စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုဖြစ်စေလေ့ရှိကာ စိတ်ခံစားချက်နဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*