
တရုတ်မြောက်ပိုင်း Tianjin မှာ အသက် ၈၅နှစ်အရွယ်အဘိုးအိုတစ်ယောက် စာရွက်တွေလိုက်ကပ်နေတာတွေ့ရပါတယ်။ သူကပ်ထားတဲ့စာရွက်မှာ ဘာတွေရေးထားလဲဆိုတော့ – သူခေါင်းချတဲ့အခါ တစ်ယောက်တည်းမဖြစ်ချင်လို့ သူ့ကိုမွေးစားမယ့် မိသားစုကို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။
လက်ရေးကြေငြာစာရွက်လေးဟာ တစ်မြို့လုံးပျံနှံ့သွားပြီး လူမှုကွန်ရက်ပေါ်ထိတောင် ရောက်လာခဲ့ပါတယ်။ သူ့မှာခုထိ တောင့်တင်းတဲ့ခန္ဓာကိုယ်ရှိသေးကြောင်း၊ အစားစာတွေလည်းချက်ပြုတ်နိုင်ကြောင်း၊ ဈေးဝယ်ထွက်နိုင်ကြောင်းနဲ့ သူ့မှာနာတာရှည်ရောဂါမရှိကြောင်း ရေးထားပါတယ်။ အဘိုးက တစ်လကို အငြိမ်းစားငွေ ယွမ် ၆ဝဝဝ (ဒေါ်လာ ၉၁၅)ရကြောင်း
သိပ္ပံသုတေသနအဖွဲ့စည်းမှလည်း ဖော်ပြထားပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိခဲ့ပါတယ်။ တစ်ယောက်က ၂ဝဝ၃ခုနှစ်မှာ ကနေဒါကိုပြောင်းရွေ့သွားပြီး နောက်တစ်ယောက်ကတော့ ဆေးရုံမှာ ခုလက်ရှိ အလုပ်လုပ်နေပြီး တစ်ခါတစ်လေမှ အဖေဆီအလည်လာတယ်လို့သိရပါတယ်။
သူနဲ့ပုံစံတူ သတင်းတစ်ခုကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကြားသိလိုက်ရပြီးနောက် အဘိုးလည်း သူ့ကိုမွေးစားမယ့် မိသားစုကို လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ကြောင်း Beijing Youth Daily သတင်းနဲ့ အင်တာဗျုးမှာ ပြောပြသွားပါတယ်။ ထိုအချိန်တည်းက သားနှစ်ယောက်လုံး ဖုန်းလည်းမဆက်သလို၊ အိမ်လည်းမလာကြတော့ဘူး။
ဘိုးဘွားရိပ်သာမှာတော့ သူမနေချင်ဘူးတဲ့။ မိသားစုအငွေ့အသက်လေးကို နောက်ဆုံးအချိန်လေးပဲဖြစ်ဖြစ် ခံစားသွားချင်သေးတယ်လို့ဆိုပါတယ်။အဘိုးရဲ့သတင်းက အင်တာနက်မှာ ချက်ချင်းပျံနှံ့သွားပြီး အင်တနက်သုံးစွဲသူများကတော့ အဘိုးရဲ့သားနှစ်ယောက်ကို အပြစ်တင်ဝေဖန်နေကြပါတယ်။
Leave a Reply