
နေဝင်မိုးချုပ် အချိန်ကစလို့ မနက်လင်းတဲ့အထိ မြို့အတွင်းမှာရှိတဲ့ အမှိုက်တွေ လိုက်သိမ်းရတဲ့ အလုပ်ကို ဘယ်သူမှ ကြိုက်မယ်မထင်ပါဘူး။ ဒါပေမဲ့ နယူးယော့ခ်မှာ နေထိုင်တဲ့ မိုလီနာနဲ့ သူ့ရဲ့တွဲဖက်လုပ်သား တိုနီဆန်ကာတို့ကတော့ ဒီအလုပ်ကို နှစ်သက်ကြပါတယ်။
အဖြေကရှင်းပါတယ်။ အကြောင်းကတော့ ဝင်ငွေဖြောင့်လို့ပါ။
“ခင်ဗျားတို့ရဲ့ အမှိုက်တွေက ကျွန်တော်တို့အတွက် ပိုက်ဆံပဲ” ဆိုတာ သူတို့နှစ်ယောက်လက်သုံးစကားဖြစ်ပါတယ်။ သဘောကျမယ်ဆိုလည်း ကျလောက်ပါတယ်။ မိုလီနာဆိုရင် ပြီးခဲ့တဲ့နှစ်က မြန်မာကျပ်ငွေ သိန်း ၁၃၀၀ ကျော်နဲ့ ညီမျှတဲ့ လုပ်ခလစာ ဒေါ်လာ ၁၁၂,၀၀၀ လောက်ရခဲ့ပါတယ်။ သူ့ရဲ့လက်ထောက်ကတော့ ဒေါ်လာ တစ်သိန်းလောက် ရပါတယ်။
သူတို့နှစ်ယောက်လုံးက ဘွဲ့ရခဲ့သူတွေမဟုတ်ပါဘူး။ မိုလီနာဆိုရင် ဆယ်တန်းနဲ့ ကျောင်းထွက်လာခဲ့တာပါ။ တစ်နိုင်ငံလုံးမှာ ထရပ်ကားမောင်းတဲ့ ဒရိုင်ဗာတစ်ယောက်ရဲ့ လစာက တစ်နှစ်ကို ဒေါ်လာ လေးသောင်းလောက်ပဲ ရတဲ့အချိန်မှာ သူတို့က သုံးဆလောက် လစာရပါတယ်။
သူတို့လစာကောင်းရတဲ့ အကြောင်းအရင်းကတော့ ဒီလိုလုပ်နိုင်တဲ့ဝန်ထမ်းမျိုး ရှာရခက်လို့ ဖြစ်ပါတယ်။ အလုပ်ကလွယ်တော့မလွယ်ပါဘူး။ အများသူငါ အိပ်စက်နေတဲ့ ချမ်းစီးတဲ့ ညအခါမှာလည်း လုပ်ရသလို၊ မိုးရွာတဲ့ ညတွေကိုလည်းကျော်ဖြတ်ရပါတယ်။
Leave a Reply