လူကြီးလူကောင်းတစ်ယောက်ဆိုပေမဲ့လည်း ပစ္စည်းခိုးယူခဲ့တဲ့CCTV ရုပ်သံကြောင့် ယူကျုံးမရဖြစ်ခဲ့ရတဲ့ အမျိုးသားရဲ့အဖြစ်

စတိုးဆိုင်တွေ အတော်များများဟာ ယခုဆိုရင် CCTV တွေတပ်ထားလေ့ရှိပြီး ၊ မသာမာမူတွေမရှိအောင် ဂရုတစိုက်ကြည့်ရှုလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း မလေးရှားနိုင်ငံ ၊ Melaka မြို့မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ စင်ကာပူနိုင်ငံသားတစ်ဦးဟာ RM 1,400 ( မြန်မာငွေ 5သိန်း ဝန်းကျင်)ရှိတဲ့ မျက်မှန်ကိုခိုးယူခဲ့ပြီး CCTV က သူ၏လုပ်ရပ်များကို ရိုက်ကူးထားမှန်း လုံးဝသိရှိခဲ့ပုံမရပါဘူး ။ ထို့နောက် အဆိုပါ video ကို ဆိုင်ရှင်က အင်တာနက်အပေါ်မှာဖြန့်ဝေခဲ့ချိန်မှာတော့ ၊ စင်ကာပူနိုင်ငံသားဟာ သူ့ရဲ့video ကိုပြန်ဖျက်ပေးဖို့ ဆိုင်ရှင်အားအကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ် ။

ထို့ကြောင့် ဆိုင်ရှင်မှာလည်း ချက်ချင်းပဲအတွေးတစ်ခု ရရှိသွားခဲ့ကာ သူတို့၏ဆိုင်ရဲ့ Facebook စာမျက်နှာမှာ ယခုလိုရေးသားခဲ့ပါတော့တယ် ။ ” Ben Lee, ခင်ဗျား RM 120 တန်တဲ့ မျက်မှန်ကိုဝယ်ခဲ့ပေမဲ့လည်း မတော်တဆကျွန်တော့်ရဲ့ ဂျပန်မျက်မှန်ကိုင်းကို မှားပြီးယူသွားခဲ့မိတယ် ။ ကျွန်တော့်ကိုပြန်လာပေးပါ ။

မဟုတ်ရင်တော့ ခင်ဗျားကိုရဲတိုင်မယ် ။ ကျေးဇူးပါ ။ ဟုတ်သားပဲ ခုနခင်ဗျား ငွေရှင်းတုန်းက credit card နဲ့ငွေရှင်းခဲ့လို့ ကျွန်တော်တို့ခင်ဗျားအကြောင်း အသေးစိတ်ကိုရှာကြည့်လို့ရပါတယ် ။ အားလပ်ရက်မှာ ပျော်ရွှင်ပါစေဗျာ ” ဆိုပြီး ကြေငြာခဲ့ပါတယ် ။

ထို့နောက် အဆိုပါစင်ကာပူနိုင်ငံသားဟာ ဆိုင်ရှင်ကိုဆက်သွယ်ပြီး video ပြန်ဖျက်ပေးဖို့တောင်းဆိုခဲ့ပြီး ၊ သူဟာonline မှာနာမည်ကြီးနေတဲ့ စနောက်တဲ့ video မျိုးကိုရိုက်ကူးခဲ့တာဖြစ်သောကြောင့် အဆိုပါလုပ်ရပ်မျိုးပြုလုပ်ခဲ့မိတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ သူ ခိုးယူခဲ့တဲ့ မျက်မှန်ရဲ့တန်ဖိုးငွေကို လျော်ကြေးပေးခဲ့ပေမဲ့လည်း 3ရက်ခန့်ဖိအားပေးပြီးမှ ငွေပြန်ရရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*