စာခိုးချလို့ မရအောင် ကျောင်းသားတွေကို ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး စာမေးပွဲဖြေခိုင်း

စာခိုးချလို့ မရအောင် ကျောင်းသားတွေကို ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး စာမေးပွဲဖြေခိုင်း

မက္ကဆီကိုနိုင်ငံက ကျောင်းဆရာတစ်ဦးကတော့ ကျောင်းသားကျောင်းသူတွေ စာမေးပွဲဖြေရာမှာ စာခိုးချလို့ မရအောင် ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး ဖြေခိုင်းတဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါပြီ။

တီလက်ကာလာပြည်နယ်က စာသင်ကျောင်းတစ်ကျောင်းမှာ ဒီ ဖြစ်ရပ် ဖြစ်ပွားပေါ်ပေါက်တာဖြစ်ပြီး အဲဒီ ကျောင်းဆရာရဲ့ ပုံမှန်မဟုတ်တဲ့ စာမေးပွဲဖြေခိုင်းတဲ့ ပုံစံကြောင့် ကျောင်းသားမိဘတွေဟာ စိတ်ဆိုးဒေါသထွက်ကြပြီး ဒီကျောင်းဆရာကို အလုပ်ထုတ်ပစ်ဖို့ တောင်းဆိုနေကြကြောင်း သတင်းတွေက ဖော်ပြပါတယ်။

လူဝစ်ဂါရက်တီဇစ်ဆိုတဲ့ ဒီကျောင်းဆရာဟာ ကျင့်ဝတ်နဲ့ စံတန်ဖိုး သင်ကြားတဲ့ ကျောင်းဆရာဖြစ်ပြီး ကျောင်းသားတွေ စာမခိုးချနိုင်အောင် ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းခဲ့တာလို့ မီဒီယာက ဖော်ပြပါတယ်။

သတင်းထုတ်ပြန်ချက်အရ မိဘတွေဟာ ကျောင်းဆရာ ဂါရက်တီဇစ်အနေနဲ့ တပည့်တွေအပေါ် ဘယ်လိုမျိုး လူမဆန်စွာ ဆက်ဆံမယ်ဆိုတာ မသိနိုင်တာကြောင့် ကျောင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ သူ့ကို အလုပ်ထုတ်ပေးရန် အာဏာပိုင်တွေထံ တောင်းဆိုကြပါတယ်။

ခုလို ဆိုးဝါးတဲ့ အပြုအမူဟာ သည်းခံနိုင်စရာ အကြောင်းမရှိတာကြောင့် မျက်ကွယ်မပြုဖို့လည်း မိဘတွေက ပြောကြပါတယ်။မိဘတွေဖက်က စိတ်ဆိုးဒေါသထွက်တာကို တုံ့ပြန်ဖြေရှင်းတာအဖြစ် အဲဒီ စာသင်ကျောင်းဟာ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် တစ်မူကွဲတဲ့ လေ့ကျင့်သင်ကြားပေးခြင်းမျိုးဖြစ်တယ်ဆိုပြီး ဖြေရှင်းတုံ့ပြန်ထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*