ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် သိနိုင်မယ့်အချက်(၅)ချက်

ဖူးစာ ဆိုတာ တကယ့်ကို ဆန်းကြယ်ပါတယ်။ ဒါကြောင့်လည်း ညားတိုင်းမချစ်၊ ချစ်တိုင်းမညားဆိုတဲ့ စကားပုံပေါ်လာတာပါ။ တကယ်လို့ သင်ချစ်တဲ့သူနဲ့ သင့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျခဲ့ရင် သင်ဟာ ကံအကောင်းဆုံး လူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီလူဟာ သင်နဲ့ ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ပြည့်စုံတယ်လို့ခံစားရတယ်

လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့မို့လို့ ဘယ်တော့မှ ပြီးပြည့်စုံခြင်းဆိုတာ မရှိပါဘူး။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက သင့်ချစ်သူနဲ့ သင်နဲ့ ယှဉ်တွဲလိုက်တိုင်း ပြီးပြည့်စုံတယ်လို့ ခံစားရမှာပါ။ သူအနားမှာ ရှိနေရင် အရာရာကို စိတ်တိုင်းကျပြီး ကြည်နူးပျော်ရွှင်နေမှာပါ။ ဒါဆိုရင် သူဟာ သင့်ရဲ့ဖူးစာရှင်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အထဲက တစ်ခုပါ။

(၂) စိတ်ထဲကနေ အလိုလိုသိနေတယ်

သူ့ကိုသင် စတွေ့တဲ့နေ့မှာပဲ သူဟာ သင့်ရဲ့ ဖူးစာရှင်ဖြစ်တယ်ဆိုတာကို တစ်ယောက်ယောက်က ပြောနေသလိုကို စိတ်ထဲကနေ ခံစားရမှာပါ။ သူ့ကို စကားပြောလိုက်တဲ့အခါတိုင်း အရင်ကတည်းက ရင်းနှီးနွေးထွေးပြီးသား သူတစ်ယောက်လို ခံစားနေရမှာပါ။ သူဟာ သင့်အတွက်ဖြစ်တယ်ဆိုတာ သင့်စိတ်ထဲမှာ ၁၀၀% သေချာနေမှာဖြစ်ပါတယ်။ ဒါဆိုရင် သူဟာ သင့်ရဲ့ဖူးစာရှင်ပါ။

(၃) စိတ်တူကိုယ်တူ

သူနဲ့သင်ဟာ အကြိုက်ချင်း အမြဲတူချင်မှ တူမယ်။ ဒါပေမယ့် စိတ်ကတော့ အရမ်းကို တူနေမှာပါ။ အကြောင်းအရာ တစ်ခုခုအပေါ် သူနဲ့ သင်ရဲ့ အမြင်၊ သဘောထား၊ ခံယူချက်တွေ တူနေမှာပါ။ ဒါကြောင့် သင်တို့နှစ်ယောက်ဟာ ဘယ်ကိစ္စမှမဆို တကူးတကလိုက်ညှိနေစရာတောင် မလိုဘဲ စိတ်တူကိုယ်တူဖြစ်နေမှာပါ။ ဒါဆိုရင် သင်တို့နှစ်ယောက်ဟာ ဖူးစာရှင်တွေ ဖြစ်နိုင်ပါတယ်။

(၄) သူ့ရဲ့ ခံစားချက်တွေကို အလိုလိုလိုက်ခံစားမိနေမယ်

တစ်ခါတလေ သူ့ကို သင် အရမ်းလွမ်းနေတဲ့အချိန်တွေမှာ၊ သူ့ဖက်ကလည်း အရမ်းလွမ်းနေတာမျိုး၊ သူ့ကိုခေါ်ဖို့ ဖုန်းကိုင်လိုက်တဲ့အချိန်မှာ သူက ခေါ်တာမျိုး၊ သန်းခေါင်ယံတစ်ရေးနိုးတဲ့အချိန် သူ့ကိုလွမ်းနေတဲ့အခါ သူဖုန်းလာဆက်တာတို့၊ သူဝမ်းနည်းနေတာမသိပေမယ့် သင်လည်း မပျော်မရွှင်ဖြစ်နေတာတို့ ဒါတွေဟာ သင်နဲ့ သူနဲ့ ဖူးစာတွေဖြစ်နေလို့ပါ။

(၅) သူမရှိရင်မဖြစ်တော့ဘူူး

သင့်ဘဝထဲကနေ သူ့ကို ဆွဲထုတ်ကြည့်လိုက်တိုင်း သင့်ဘဝလည်းပျောက်ဆုံးသွားသလို ခံစားရမှာပါ။ သင်တို့နှစ်ယောက်ဟာ ဖူးစာရှင်တွေဖြစ်နေတာကြောင့် သူမရှိရင် သင့်ဘဝလည်း မပြည့်စုံနိုင်တော့တာပါ။ ဒါဟာ သာမန် စုံတွဲတွေ ကွဲကြလို့ အထီးကျန်တာမျိုးနဲ့တော့ အရမ်းကွာပါတယ်။ သင့်ဘဝတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားတာမျိုးပါ။ ဒီလိုခံစားရတာကလည်း သင့်ရဲ့ဖူးစာရှင်ဖြစ်နေလို့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*