ပြည်သူတွေအတွက် ဘူတာရုံတွေမှာ Mask ထုတ်စက်တွေစီစဉ်ပေးထားတဲ့ ထိုင်ဝမ်

ထိုင်ဝမ်မှာတော့ အများပြည်သူအသွားအလာများတဲ့ လူစည်ကားရာနေရာတွေမှာ mask မတပ်ခဲ့ရင် ယွမ်၁သောင်းခွဲ (အမေရိကန်ဒေါ်လာ ၂,၂၉၂) ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်နေပြည်သူတွေအတွက်တော့ mask တပ်ဖို့ဟာ အရမ်းအရေးကြီးတဲ့အလုပ်တစ်ခုပါ။


ဒါပေမဲ့ အခန့်မသင့်လို့ အိမ်ကအထွက် မေ့ပြီး mask မတပ်သွားမိဘူးဆိုရင်တော့ ဘူတာရုံမှာ ကယ်တင်ရှင်တွေရှိနေပါတယ်။ အဲ့ဒါတွေကတော့ mask အသင့်ထုတ်ပေးတဲ့စက် Mask vending machine တွေပါ။ ဒီစက်တွေကို တိုင်ပေမြေအောက်ဥမင်လမ်းတစ်လျှောက်က အဓိကဘူတာရုံကြီးတွေမှာ ထားပေးထားတာ ဖြစ်ပါတယ်။


၎င်းစက်တွေကနေ အပြာ၊လိမ္မော်နဲ့ အဝါရောင်ဆိုပြီး mask အရောင်သုံးမျိုး ရနိုင်ပါတယ်။ Mask ယူချင်တယ်ဆိုရင်တော့ ငွေသွင်းရမယ့်အပေါက်လေးထဲကို ၁၀ယွမ် (အမေရိကန်ဒေါ်လာ ၁.၅၃) ထည့်ပြီး ခလုတ်နှိပ်ကာ ကိုယ်နှစ်သက်ရာmask အရောင်ကို ရွေးချယ်ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ ခလုတ်နှိပ်ပြီးရင်တော့ mask လေးတစ်ခုဟာ လက်မှတ်တစ်စောင်လို အသင့်ထွက်လာမှာဖြစ်ပါတယ်။


Mask ကိုတော့ သန့်ရှင်းမှုအတွက် စာအိတ်လေးထဲ သေချာပိတ်ပြီးထုတ်ပိုးထားတာပါ။ ၎င်းစာအိတ်လေးထဲမှာတော့ ပလတ်စတစ်အိတ်နဲ့ပိတ်ထားတဲ့ mask တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ တိုင်ပေဘူတာရုံတွေက mask ထုတ်တဲ့စက်တွေကတော့ ခရီးသွားတွေအတွက် သုံးရတာတကယ်အဆင်ပြေစေသလို mask မတပ်လို့ ဒဏ်ငွေဆောင်ရတဲ့အခြေအနေကလည်း ကာကွယ်ပေးနိုင်တယ်ဆိုတဲ့အကြောင်း soranews24 ကတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*