အချစ် ကို ဥစ္စာ ဓနနဲ့ သိမ်းပိုက်ရန် ကြိုးစားခဲ့သူကျရှုံး

တရုတ်နိုင်ငံမှ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးရဲ့ သားဖြစ်သူဟာ သူ့ရဲ့ အဖိုးတန် ပေါ့ရှေးပြိုင်ကားရဲ့ ခေါင်းခန်းမှာ အဆမတန်ကြီးမားတဲ့ တက်ဒီဝက်ဝံရုပ်ကြီးကိုတင်ပြီး သူကြွေနေတဲ့ မိန်းကလေးရှိရာ တက္ကသိုလ်ကျောင်းဝင်းထဲကို မောင်းဝင်လာခဲ့ပါတယ်။


ထူးဆန်းတဲ့ ပုံစံဖြစ်နေတာကြောင့် အားလုံးက ဝိုင်းကြည့်နေစဉ်မှာ သူက ကောင်မလေးရဲ့ ရှေ့ကိုသွားပြီး သူ့ရဲ့အချစ်ကို လက်ခံဖို့ ဝက်ဝံရုပ်ကြီးပေးပြီး ချစ်ရေးဆိုခဲ့ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ ငြင်းပယ်ခြင်းကိုခံလိုက်ရပါတယ်

ကောင်မလေးက ဝက်ဝံရုပ်ကြီးကိုတော့ ငါကြိုက်တယ် ဒါပေမယ့် နင့်ကိုတော့ မကြိုက်နိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ သူ့ကိုငြင်းလိုက်ပေမယ့် ဝက်ဝံရုပ်ကြီးကိုတော့ ကောင်မလေးက ပွေ့ပိုက်ထားဆဲပါ။ ဒီအဖြစ်ပျက်ကို တွေ့ခဲ့ရတဲ့ ကျောင်းသားတစ်ယောက်က တရုပ်လူမှုကွန်ယက် ဝီဘိုမှာ ဒီငနဲကတော့ ကောင်မလေးရော ဝက်ဝံရုပ်ကြီးပါ လက်လွှတ်လိုက်ရပြီလို့ ရေးသားပျံ့နှံ့ခဲ့ပါတယ်။

အခြားတစ်ဦးကတော့ ထိုသူဟာ ဝက်ဝံရုပ်ကြီးကို ပြန်ယူသွားကြောင်းလည်း ရေးသားထားပါသေးတယ်။ အချမ်းသာဆုံးသူရဲ့ သားဖြစ်ပေမယ့် မိန်းကလေးရဲ့ အချစ်ကို မရခဲ့တဲ့အတွက် အချစ်ဆိုတာ ဝယ်ယူလို့ မရဘူးဆိုတာကိုတော့ ကောင်းကောင်းသဘောပေါက်သွားလောက်ပြီ ဖြစ်ပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*