သင်္ချိုင်းရောက်ခါနီးမှ အခေါင်းထဲကထလာတဲ့အဘိုးအို

တရုတ်ပြည်မှာကတော့ ထူးဆန်းတဲ့ သေရွာပြန်အဘိုးအိုတစ်ယောက်ပေါ်ပေါက်ခဲ့ပါတယ်။ထိုအဘိုးအိုကတော့ အသက် နှစ်အရွယ်ရှိပြီဖြစ်တဲ့ Huang Mingquan ဖြစ်ပါတယ်လို့လဲသိရပါတယ်။အဆိုပါဖြစ်စဉ်ကတော့ လူအများကို အင်မတန် အံ့သြမှင်သက်သွားစေခဲ့ပါတယ်။

Huang ကတော့လွန်ခဲ့တဲ့လလောက်ကတည်းက အစာမဝင်တော့ဘဲ ဆန်ပြုတ်သာစားနိုင်တော့တယ်လို့သိရပြီး ထိုအဘိုးအိုဟာ အသက်ရှူရပ်တန့်သွားသလို ၊ခြေဖျားလက်ဖျားတွေလည်း အေးစက်နေတာကြောင့် သားဖြစ်သူနဲ့ ဆွေမျိုးသားချင်းတွေက သေဆုံးသွားပြီလို့ယူဆခဲ့တယ်လို့သိရပါတယ်။

ထို့နောက်မှာတော့ အသုဘဝန်ဆောင်မှုအသင်းကနေ အခေါင်းလှလှလေးတစ်လုံးငှားပြီး ဈာပနကိုသေချာပြင်ဆင်ခဲ့တယ်လို့လဲသိရပါတယ်။ နောက်နှစ်ရက်အကြာမှာတော့ ရပ်ဝေးရပ်နီးမှာရှိတဲ့ Huang ရဲ့ဆွေမျိုးတွေဟာ သေသူရဲ့ရုပ်အလောင်းကို သင်္ချိုုင်းကိုလိုက်လံပို့ဆောင်ပေးဖို့ အသုဘအိမ်ကိုရောက်ရှိလာခဲ့တယ်လို့လဲသိရပါတယ်။

ရှစ်နာရီကြာအောင်အချိန်ယူရတဲ့ အသုဘလှည့်လည်ပွဲကတော့ လူအရမ်းစည်ကားခဲ့သလို ငိုကျွေးတဲ့သူတွေလဲအရမ်းများနေပေမယ့် သင်္ချိုင်းကိုပို့ဆောင်နေတဲ့ လမ်းခုလတ်တနေရာအရောက်မှာတော့ အခေါင်းထဲက ဒုန်းဒုုန်းဆိုတဲ့အသံတွေကြားရပြီး အခေါင်းအဖုံးကပွင့်လာခဲ့ပါတယ်လို့သိရပါတယ်။

ထို့နောက်မှာတော့ Huang ကအခေါင်းထဲကထလာခဲ့ပြီး အံံ့သြမှင်သက်နေတဲ့ဆွေမျိုးသားချင်းတွေကို “ ဘာလုပ်နေကြတာလဲ .. ငါ့ဈာပနအတွက်ပြင်ဆင်နေတာလား “ လို့မေးခဲ့တယ်လို့လဲသိရပါတယ်။ သေရွာကပြန်လာတဲ့ အဘိုးအိုကတော့ သားဖြစ်သူကို နမောနမဲ့နိုင်ရကောင်းမလားဆိုပြီး ဆဲဆိုနေတဲ့အတွက် တောင်းတောင်းပန်ပန်နဲ့သူ့အိပ်ရာမှာထားပေးခဲ့တယ်လို့လဲသိရပါတယ်။

အဘိုးအိုကတော့ နှစ်ရက်ကြာမေ့မျောသွားတာဖြစ်ပြီး အိပ်ယာထဲပြန်ရောက်တော့ ဆန်ပြုတ်တစ်ပန်းကန်လဲစားခဲ့သေးတယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*