မိခင်ဆီမှချေးခဲ့တဲ့ငွေကို သုံးဆပွားအောင်လုပ်နိုင်ခဲ့တဲ့ ဆယ်ကျော်သက်စီးပွားရေးသမားလေး

ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ တရုတ်နှစ်ကူးမှာ ဘေကျင်းမှဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ နတ်ဘုရားတို့ရဲ့မြှောက်ပင့်ခြင်းကို ခံလိုက်ရတဲ့အတိုင်း ကံကောင်းစွာနဲ့ပဲငွေတွေအများကြီးရရှိခဲ့ပါတယ်။


နှစ်ကူးပိတ်ရက်ရှည်တွေရတာကြောင့် တစ်နှစ်ပတ်လုံးအလုပ်တွေနဲ့ပိနေသူတွေအတွက်ကတော့ ဒီလိုနေ့ထူးနေ့မြတ်မျိုးဟာ သိပ်ကိုတန်ဖိုးရှိလှတဲ့ နားရက်တွေပါပဲ။ လျှောက်သွားကြ၊ လျှောက်စားကြနဲ့ ဆယ်ကျော်သက်တွေကလည်း ဂိမ်းဆော့ကြ၊ အပြင်တွေလျှောက်လည်ကြတဲ့ လမ်းမတွေထက် စည်ကားစမြဲပါ။

ဒီအချက်ကိုအခွင့်ကောင်းယူကာ ဘေကျင်းမှ အသက် (၁၄) နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ အရင်းအနှီး မရှိပေမယ့် မမိခင်ဆီကနေ ပိုက်ဆံချေးကာ ရက်တိုစီးပွားရေး လုပ်ငန်းလေးကို ပြုလုပ်ခဲ့ပါတယ်။

ပွဲဈေးမှာဆော့လို့ရတဲ့ ဂိမ်းလေးတွေလိုမျိုး ဆိုင်လေးဖွင့်မယ်လို့ စိတ်ကူးကာ မိခင်ဆီမှ ယွမ် ၈၀၀ (၁၁၉ ဒေါ်လာ) ချေးခဲ့ပါတယ်။ လူသွားအလာအများဆုံးနေရာကိုမှရွေးကာ သက်ဆိုင်ရာနဲ့ ညှိနှိုင်းရင်း လမ်းဘေးမှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်။

ဆယ်ကျော်သက်လေးရဲ့ ဂိမ်းအတွက် စိတ်ကူးလေးကတော့ ဒီလိုပါ။ ဖန်ခွက်တွေထဲမှာ (၅) ယွမ်မှ ယွမ် (၁၀၀) အထိ ပိုက်ဆံဆုကြေးတွေ ထည့်ထားခဲ့ပါတယ်။ ကစားသူတွေဟာ ပင်ပေါင်ဘောလုံး (၁၀) လုံးကို (၁၀) ယွမ်ပေးကာ ဝယ်ရမှာဖြစ်ပြီး ပိုက်ဆံထည့်ထားတဲ့ ဖန်ခွက်ထဲကို ဝင်အောင်ပစ်ရမှာပါ။ မိမိပစ်လိုက်တဲ့ဘောလုံးဝင်သွားတဲ့ ဖန်ခွက်ထဲကပိုက်ဆံကို ကစားသူကရမှာဖြစ်ပါတယ်။


မိခင်ဆီမှချေးထားတဲ့ပိုက်ဆံနဲ့ ဖန်ခွက် (၄၀၀) နဲ့ ပင်ပေါင်ဘောလုံး (၃၀၀) တို့ကို ဝယ်ယူကာ အချို့ကိုတော့ ကိရိယာတန်ဆာပလာတွေကို ဝယ်ယူခဲ့ပါတယ်။
စီးပွားရေးကို စုစုပေါင်း (၈) ရက်ကြာအောင်လုပ်ခဲ့ပြီး လူတွေကြိတ်ကြိတ်တိုးလာဆော့လွန်းလို့ နောက်ထပ် လူ (၂) ယောက်ကိုပါ ယွမ် (၂၀၀) ပေးပြီး အကူအနေနဲ့ ငှားရမ်းခဲ့ပါတယ်။

ချေးတုန်းက ယွမ် ၈၀၀ သာချေးခဲ့ပေမယ့် (၈) ရက်မပြည့်ခင်မှာပဲ အမြတ်ငွေဟာ ယွမ် (၂၅၀၀) နီးနီးရနေခဲ့ပါပြီ။ အမြတ်ရတဲ့ပိုက်ဆံတွေကိုတော့ စီးပွားရေးလုပ်ငန်းရှင်လေးဟာ မိခင်အကြွေးတွေကို ဆပ်ပြီး နောက်ထပ် ဖုန်းကောင်းကောင်းတစ်လုံးဝေယ်ပေးမယ်ဆိုပြီး ကြံစည်ထားကြောင်းပြောခဲ့ပါတယ်။
စီးပွားရေးလုပ်ဖို့အတွက် အသက်အရွယ်ကန့်သတ်ချက်မလိုဘဲ စိတ်ကူးအကြံဉာဏ်ကောင်းတစ်ခုသာ လိုအပ်ကြောင်းကိုတော့ (၁၄) နှစ်သားလေးက ကောင်းကောင်းကြီး သက်သေပြသွားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*