
အမျိုးသမီးတွေအတွက် အခက်ခဲဆုံးနဲ့ အနာကျင်ဆုံးဟာ ကလေးမွေးခြင်းပါပဲ။ ကလေးလေး လူ့လောကထဲရောက်လာချိန်ဟာ အမျိုးသမီးတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ပါပဲ။ ဒီလိုအချိန်မှာ တစ်ဖဝါးမှမခွာပဲ အနားမှာစောင့်ရှောက်ပေးနေတဲ့ ယောကျ်ားကောင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်နော်။
မကြာမီက တက်လာတဲ့ ဗီဒီယိုထဲမှာ အမျိုးသမီးဟာ ကလေးမွေးခါနီးမို့ အတော်လေးနာကျင်နေပုံပါပဲ။ ယောကျ်ားကလည်း သူ့မိန်းမ သက်သာအောင် ဘေးနားကနေ တစ်ချိန်လုံးအတူတူရှိပေးနေတယ်။ မတ်တပ်ရပ်တော့လည်း အဆင်မပြေဘူး။ တော်တော်လေး ခက်ခဲနေပုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မှာအတူရှိနေပေးတဲ့ ယောကျ်ားတစ်ယောက်ရှိနေလို့ သူမအတွက် အားဖြစ်စေခဲ့တယ်။
ဒီလောက် ဂရုစိုက်ပေးတတ်တဲ့ ယောကျ်ားပိုင်ဆိုင်ထားတာမို့လို့ ဗီဒီယိုလေးဟာ မိန်းကလေးတွေကြားထဲမှာတော့ အတော်လေး ရေပန်းစားသွားခဲ့ပါတယ်။ ကြည့်ရှုသူ ၂သန်းကျော်သွားခဲ့ပါတယ်။ သူမအတွက်တော့ ဒါဟာ သာမန်အပြုမူလို ထင်ရပေမယ့် ကြည့်နေသူတွေအတွက်တော့ ကြည်နူးစရာလေးပါ။ ကြည့်ကြည့်လိုက်ပါဦး…
Leave a Reply