
Laëtitia Nguyen ဆိုတဲ့ အမျိုးသမီးဟာ သူမနဲ့အတူလက်ထပ်မယ့် သတို့သားမရှိပေမယ့် မင်္ဂလာပွဲလေးတစ်ခုကို ကျင်းပနိုင်ခဲ့တယ်။ Nguyenကို လက်ထပ်ပွဲမတိုင်ခင် သုံးလအလိုလောက်မှာ ချစ်သူကထားခဲ့ပါတယ်။ ဒါပေမယ့် သူမ ဒီမင်္ဂလာပွဲလေးကို ရအောင်လုပ်ခဲ့တယ်။
အသက် ၃၈နှစ် ဗီယမ်နမ်- ပြင်သစ်စပ် အမျိုးသမီးဟာ ဒေါ်လာ ၂၇ဝဝဝကျော် အကုန်ကျခံပြီး ဂရိနိုင်ငံက Santorini မှာ မင်္ဂလာပွဲလေးကျင်းပခဲ့ပါတယ်။ သူမနဲ့ အရင်ချစ်သူဟာ သုံးနှစ်ကြာလောက်တွဲခဲ့ပြီးမှ လက်ထပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ထပ်ခါနီး သုံးလအလိုမှာ သူမကိုထားသွားခဲ့တယ်။ ဘာအကြောင်းရင်းကြောင့်ဆိုတာတော့ သေချာမဖော်ပြထားဘူး။
” လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါတော့ အသည်းကွဲခဲ့ဖူးကြမှာပါ။ ချစ်ရတဲ့သူ အနားမှာ မရှိရင် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ ကျွန်မလည်း အရမ်းနာကျင်အောင်ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုကို အကြာကြီးခွင့်မပြုနိုင်ဘူး။ လုပ်စရာရှိတာလုပ်ပြီး ဘဝမှာ ပျော်ရွှင်စွာထပ်နေရဦးမှာပါ။
ဒီပွဲမှာ သတို့သားမရှိလည်း ဘာမှမဖြစ်ဘူး။ တစ်ယောက်တည်းပဲ ဆောင်မယ့်ဆိုတဲ့စိတ်နဲ့ မရရအောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ပြီးနောက်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာတယ်။ အားအင်အသစ်တွေ ဘယ်ကဘယ်လိုရမှန်းမသိဘူး အလိုလိုပြည့်နေတယ်။ မှောင်မိုက်နေတဲ့အချိန်မှာ မျှော်လင့်ချက် ရောင်ခြည်သစ်တွေ ထိုးဖောက်လာသလိုပဲ ခံစားရတယ် ” Nguyen က သူမရဲ့အတွေ့ကြုံလေးကို ရေးသားမျှဝေခဲ့ပါတယ်။
Leave a Reply