ခုံပေါ်မှာစားခြင်းထက် ကြမ်းပြင်ပေါ်ထိုင်စားခြင်းက ကျန်းမာရေးကောင်းကျိုး ပိုများ

အခုနောက်ပိုင်း နေထိုင်မှုပုံစံအရ ခုံပေါ်မှာ ထိုင်ချိန်တွေကသာ ပိုများလာပါတယ် ။ အလုပ်လုပ်ချိန်သာမက ထမင်းစားချိန်မှာလည်း ထမင်းစားခန်းထဲကသာ ခုံပေါ်မှာသာ ထိုင်ပြီး စားသောက်ကြပါတယ် ။ အနောက်နိုင်ငံများမှလွဲပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာခန့်က လူတွေဟာ ထမင်းစားလျှင် ကြမ်းပြင်ပေါ် ထိုင်ချ၍ဖြစ်စေ ဆောင့်ကြောင့်ထိုင်၍ ဖြစ်စေ စားပွဲဝိုင်းလေးနဲ့စားတဲ့ ယဉ်ကျေးမှုရှိခဲ့ပါတယ် ။အခုချိန်ထိလည်း အချို့နိုင်ငံတွေမှာ ဒီယဉ်ကျေးမှုက ရှိနေတုန်းပါပဲ ။

ကြမ်းပြင်ပေါ် ထိုင်စားခြင်းက ဆိုဖာ ၊ ကူရှင် ၊ စတဲ့ဇိမ်ခံပစ္စည်းတွေနဲ့ ထိုင်ခြင်းလောက် သက်တောင့်သက်သာ မရှိဘူးဟု ထင်ရသော်လည်း ကျန်းမာရေးကောင်းကျိုးများစွာကိုတော့ ပေးစွမ်းနိုင်ပါတယ် ။


၁။ယောဂပုံစံထိုင်ဖြစ်ခြင်းကြောင့် တူညီသောအကျိုးရခြင်း
ကြမ်းပြင်ပေါ် ထိုင်စားတဲ့အခါ တင်ပလ္လင်ချိတ်ပြီး ထိုင်ရတဲ့အတွက် ယောဂလေ့ကျင့်ခန်း တစ်မျိုးဖြစ်တဲ့ Sukhasana ကစားသလို တူညီသော အကျိုးကို ရရှိစေမှာပါ ။ ဒီကစားနည်းဟ ကြမ်းပြင်ပေါ်ထိုင်ကာ တင်ပလ္လင်ချိတ် ၊ ရင်ကိုဖွင့်ပြီးထိုင်ရတာဖြစ်တဲ့အတွက် ပုခုံးနှင့် လည်ပင်းကြောကဲ့သို့ ခန္ဓာကိုယ်အပေါ်ပိုင်း လုပငန်းဆောင်တာအတွက် အထူးကောင်းမွန်ပါတယ် ။

၂။အစာခြေစနစ်ပိုကောင်းမွန်ခြင်း
တင်ပလ္လင်အနေအထားဖြင့် ကြမ်းပြင်ပေါ်ထိုင်စားတဲ့ပုံစံက အစာခြေစနစ်စနစ်အတွက် ကောင်းမွန်စေပါတယ် ။ ဝမ်းဗိုက်ကြွက်သားတွေကို ပြေလျော့စေပြီး အစာခြေဖို့အတွက် လိုအပ်တဲ့ အစာခြေရည်ကို ကောင်းမွန်စွာ ထုတ်လုပ်စေပါတယ် ။ ကြွက်သားတွေ ပြေလျော့စေတဲ့အပြင် သွေးပေါင်ချိန်မြင့်တက်နေမှုကိုလည်း လျော့ကျစေပါတယ် ။

၃။ဘဝသက်တမ်းပိုရှည်စေခြင်း
ကြမ်းပြင်ပေါ်ထိုင်ခြင်းမှ အကူအညီမပါဘဲ မတ်တပ်ပြန်ရပ်ခြင်းကြောင့် သင့်ရဲ့ ဘဝသက်တမ်းကို ပိုပြီး ရှည်ကြာစေနိင်တယ်လို့ ဆိုပါတယ် ။ ၂၀၁၂ ခုနှစ် လေ့လာမှုအရ ထိုင်နေရာမှာ လက်မထောက်ဘဲ ၊ အခြားအရာတွေဆီမှ အားမပြုဘဲ မတ်တပ်ရပ်နိုင်ခြင်းဟာ မိမိဘဝ သက်တမ်းပိုရှည်ကာ အသက်ရှည်စေနိုင်တယ်လို့ ဆိုပါတယ် ။သို့သော် အခြား မတော်တဆမှုဖြစ်ထားသူ ၊ ဒဏ်ရာအနာတရရှိသူများ အနေနဲ့ကတော့ ထဖို့ခက်ခဲနိုင်တဲ့အတွက် ဒီလိုထိုင်ထခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။

၄။အကြောအချဉ်ပြေကာ စိတ်လက်ပေ့ါပါးစေခြင်း
ကြမ်းပြင်ပေါ်မှာ လွတ်လပ်စွာ တင်ပလ္လင်ခွေထိုင်ရခြင်းကြောင့် အညောင်းအညာပြေကာ ခန္ဓာကိုယ်ပေါ့ပါးပြီး စိတ်လက်ပေ့ါပါးစေပါတယ် ။ ဒီလိုထိုင်ခြင်းက တင်ပါး ၊ ဒူးခေါင်းနှင့် ခြေကျင်းဝတ် နေရာတို့ကို အလိုလို ဆွဲဆန့်မှု ဖြစ်စေပြီး ကျောရိုးတလျှောက် ၊ ပုခုံးနှင့်ရင်ဘတ် တို့မှာလည်း အကြောအချဉ်ပြေစေပါတယ် ။ခုံပေါ်မှာ ကြာကြာထိုင်ရင်တော့ ကျောနာခါးနာခြင်း ၊ အားနည်းခြင်း ၊ ကြွက်သားများ သန်စွမ်းမှုမရှိခြင်း ၊ တင်ပါး စတဲ့နေရာတွေမှာ သက်တောင့်သက်သာမရှိခြင်း စတဲ့ ဆိုးကျိုးတွေကို ရရှိစေမှာပါ ။

၅။ခန္ဓာကိုယ်အနေအထား မှန်ကန်ခြင်း
လက်ပြင်ကုန်းတာ ၊ ခါးကုန်းတာ စတဲ့ ခန္ဓာကိုယ်အနေအထား မမှန်ကန်တဲ့ သူတွေအနေနဲ့ ကြမ်းပြင်ပေါ် တင်ပလ္လင်ချိတ်ကာ စားသုံးတဲ့အကျင့်ကို မွေးမြူပေးပါ ။ အလိုအလျောက် ခန္ဓာကိုယ်အနေအထားကို မှန်ကန်သွားစေပါလိမ့်မယ် ။

၆။သွေးလှည့်ပတ်မှုကောင်းခြင်း
ခုံပေါ်မှာထိုင်ခြင်းက သွေးလှည့်ပတ်မှုအတွက် အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်း ကြမ်းပြင်ပေါ် တင်ပလ္လင်ထိုင်ခြင်းကတော့ နှလုံးမှ အခြားနေရာတွေသို့ သွေးများ ကောင်းစွာ စီးဆင်းလည်ပတ်စေါတယ် ။ ဒီလို အနေအထားအတိုင်းထိုင်ကာ စားသုံးခြင်းက နှလုံးကျန်းမာရေးအတွက်လည်း ထိရောက်ကောင်းမွန်စေပြီး ထမင်းစားစဉ်အတွင်း နှလုံးဖိအားလွန်ကဲမှုကိုလည်း လျော့ကျစေပါတယ် ။

၇။မိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်စေခြင်း

မိသားစုနဲ့အတူ ကြမ်းပြင်ပေါ်က စားပွဲဝိုင်းမှာ အတူတူထိုင်ကာ စားသောက်ခြင်းက မိသားစုဝင်တွေကို ပိုမိုနွေးထွေးမှုရရှိစေပါတယ် ။ မိသားစုဝင်အချင်းချင်းလည်း ပိုရင်းနှီးကာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စရာ ကောင်းပါတယ် ။ ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ မိမိကလေးနဲ့အတူ ကြမ်းပြင်ပေါ် အတူတူထိုင် စားခြင်းက ကလေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ပိုရစေပြီး သူတို့ရဲ့ ခံစားချက်တွေကိုလည်း လေ့လာနိုင်ကြောင်း ပြောထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*