ကင်ဆာနောက်ဆုံးအဆင့် ခံစားရတဲ့အချိန်မှ ခင်ပွန်းဟာ ညီမအရင်းဖြစ်သူနဲ့ဖောက်ပြန်ကြောင်းသိခဲ့ရတဲ့ အမျိုးသမီးအဖြစ်

ဘယ်လူမျိုး ၊ ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုမှာကိုယ့်ရဲ့လက်တွဲဖော်နဲ့အတူ အဆိုး ၊ အကောင် အတူတွဲပြီးဖြတ်သန်းချင်ကြတာပါပဲ ။ သို့ပေမဲ့လည်း ကိုယ်ဖျားနာနေချိန်မှာ ခင်ပွန်းဖြစ်သူက ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်နဲ့ ဖောက်ပြန်နေမှန်းသိလိုက်ရမယ်ဆိုရင်တော့ အတော်လေးကိုရင်နာသွားခဲ့မိမှာပါပဲလေ ။ Kisah Rumah Tangga Fans အမည်ရှိတဲ့ မလေးရှားနိုင်ငံက Facebook group တစ်ခုမှာတော့ အမျိုးသမီးတစ်ယောက်ဟာ သူမရင်သားခံစားနေရတဲ့အချိန်မှာမှ ခင်ပွန်းဖြစ်သူရဲ့ သရုပ်မှန်ကိုရှာဖွေတွေ့ရှိသွားခဲ့လို့ အတော်လေးအကျပ်အတည်ဖြစ်သွားခဲ့ကြောင်း ရေးသားထားခဲ့ပါတယ် ။

သူမဟာ အသက် 44နှစ်အရွယ် ကလေး 3ယောက်ရဲ့မိခင်တစ်ဦးဖြစ်ပြီး ရင်သားကင်ဆာအဆင့်4ကို ပြီးခဲ့တဲ့ 8လ ကတည်းကခံစားနေရသူပါ ။ ထို့ကြောင့် သူမဟာ ဆေးရုံနှင့်အိမ်ကိုသာ အမြဲသွားလာနေရသူဖြစ်ပြီး ခွဲစိတ်ကုသမှုအကြိမ်ကြိမ်ခံယူခဲ့ပေမဲ့ ကင်ဆာရောဂါဟာ သူမရဲ့အဆုတ်တွေအထိ ပျံနှံ့သွားခဲ့ပြီဖြစ်တဲ့အတွက် သူမဟာအကိုက်အခဲပျောက်ဆေးသောက်ပြီး သေမည့်ရက်ကိုစောင့်နေရသူပါ ။

ထို့နောက် နောက်ပိုင်းမှာတော့ သူမရဲ့ခင်ပွန်းဟာ ညတိုင်းလိုလိုပျောက်နေခဲ့ပြီး ဘယ်အချိန်ကတည်းက အဲ့လိုဖြစ်ပျက်နေလဲဆိုတာကတော့ သူမ မသိခဲ့ရပါဘူး ။ ထို့ကြောင့် သူမဟာခင်ပွန်းဖြစ်သူကို သူမအသက်ရှိနေသေးတဲ့အချိန်မှာလည်း နောက်ထပ်လက်ထပ်လို့ရကြောင်း သူမဘက်ကအရင်ပြောဆိုခဲ့ပါတယ် ။ ထိုအခိန်မှာတော့ ခင်ပွန်းဟာမငြင်းခဲ့သလို ၊ သူမကိုလည်း စိတ်မတိုဘဲ သူမကိုသနားတဲ့ပုံစံမျိုးနဲ့ပဲ ကြည့်နေခဲ့တာပါ ။

သူမစိတ်ထင်ထားသလိုပဲ တစ်ရက်မှာတော့ခင်ပွန်ရဲ့ဖုန်းထဲမှာ မမျှော်လင့်ထားတဲ့မိန်းကလေးတစ်ယောက်နဲ့ပြောဆိုထားတဲ့ message တွေကို သူမဖတ်မိခဲ့ပါတယ် ။ ထို့နောက် အဆိုပါဖုန်းနံပတ်ကို သူမဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့မရတဲ့အဆုံး ၊ သူမရဲ့သမီးဖြစ်သူဖုန်းနဲ့ဆက်သွယ်ခဲ့ချိန်မှာတော့ သူမရဲ့ညီမအရင်းခေါက်ခေါက်ဖြစ်နေမှန်း သူမသိရှိသွားခဲ့ပါတယ် ။

ပိုပြီးသေချာစေတဲ့အရာကတော့ သူမရဲ့မိခင်အသံကို ဖုန်းထဲမှာကြားခဲ့ရသောကြောင့်ဖြစ်ပါတယ် ။ မိသားစုဂုဏ်တွေလည်း ပျက်ဆီးသွားခဲ့ရတဲ့အပြင် သူမရဲ့သားသမီးတွေလည်း သူတို့ရဲ့ဖခင်အပေါ်လေးစား ၊ ရိုသေ ၊ ချစ်ခင် တဲ့စိတ်တွေလုံးဝပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် သူမဟာစိတ်ဖိစီးလွန်းပြီး သေမည့်ရက်ကို အဆင့်သင့်ဆောင့်နေကြောင်း ပြောဆိုသွားခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*