
ယခုလိုပွင့်လင်းမြင်သာလာတဲ့ခေတ်ကာလမှာ လက်ထပ်တော့မယ့်ဇနီးမောင်နှံတွေအနေနဲ့ pre wedding ဓာတ်ပုံလေးတွေကို idea ကောင်းကောင်းလေးတွေနဲ့ရိုက်ကူးလာတာတွေ့မြင်ရပါတယ်။
တစ်သက်မှာ တစ်မင်္ဂလာဆိုသလို တစ်ခါသာရိုက်ကူးခွင့်ရတဲ့ ပုံရိပ်လေးတွေကို အများအားကျစရာဖြစ်အောင် ရိုက်ကူးရတာလေးကတကယ်ပျော်ရွှင်စရာလေးတစ်ခုပါပဲ။ ရိုက်ကူးတဲ့အခါမှာလဲ ဘယ်လောက်ထိပျော်ရွှင်ရမလဲဆိုတာကတော့ တွေးကြည့်တာနဲ့တောင်ကြည်နူးစရာကောင်းလှပါတယ်။
အရင်တစ်ခေါက်တုန်းကလည်း ထိုင်းစုံတွဲတစ်တွဲ မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးခဲ့တဲ့ pre wedding ပုံရိပ်တွေကလဲ ပရိတ်သတ်တွေကြား အရမ်းလူကြိုက်များခဲ့ပါတယ်။ ယခုအခါမှာလဲ ထိုင်းစုံတွဲတစ်တွဲရဲ့ pre wedding ပုံအသစ်လေးတွေထွက်ပေါ်လာခဲ့ပါတယ်။ ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့ ဝတ်စုံနဲ့ သူတို့ရဲ့ပုံရိပ်တွေက လူအများကြို ဆွဲငင်ညှိုု့ယူသွားနိုင်ခဲ့ပါတယ်။
ဆန်းသစ်တဲ့ idea လေးတစ်ခုကို ဖန်တီးပြီး အပြန်အလှန်ထိုးသတ်နေသလို ရိုက်ကူးထားပေမယ့် မျက်နှာလေးပေါ်မှာတော့ အပြုံးပန်းလေးတွေဝေဆာလျက်ရှိနေတာကိုမြင်တွေ့နေရပါတယ်။
ပုံရိပ်လေးတွေထဲမှာကအစ အမျိုးသမီးလေးထိုးသတ်သမျှကို အပြုံးတွေနဲ့ ပြန်လည်တုံ့ပြန်နေတဲ့ အမျိုးသားရဲ့ပုံရိပ်လေးတွေကိုကြည့်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာကဘယ်လောက်ထိလေးနက်မှုရှိလဲဆိုတာကို ခံစားနေရနိုင်ပါတယ်။
ချစ်ချင်းမေတ္တာကို ဓာတ်ပုံလေးတွေနဲ့ ပုံဖော်ချင်တဲ့သူတွေအတွက်ကတော့ တကယ်အားကျစရာလေးတစ်ခုဖြစ်မယ်လို့ထင်မိပါတယ်။
Leave a Reply