
သူမဟာ ငယ်ရုပ်ကို လုံးဝပြောင်းလည်းသွားအောင်ကို ဆာဂျရီပြုလုပ်ခဲ့သလိုဖြစ်ခဲ့တာကြောင့် လေဆိပ်ကဝန်ထမ်းတွေ အလုပ်ရှုပ်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်အမျိူးသမီးတစ်ယောက်ဟာ ပလတ်စတစ် ဆာဂျရီလုပ်ခဲ့ပြီးနောက်မှာ မျက်နှာက အရမ်းပြောင်းလဲသွားတာကြောင့် သူမရဲ့မှတ်ပုံတင်က ဓာတ်ပုံနဲ့တောင် မတူတော့တဲ့အတွက် လေဆိပ်ဝန်ထမ်းများက တားဆီးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
သူမရဲ့ နာမည်ဟာ ဇန် (Zhang) လို့အမည်ရပြီး ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ချန်ဒူမြို့မှ ရှန်ဟိုင်းမြို့သို့ လေယာဉ်နဲ့ ခရီးသွားချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရှန်ဟိုင်းမြို့သို့ လေယာဉ်နဲ့ သွားချိန်မှာ သူမရဲ့ မျက်နှာက လေဆိပ်က မျက်နှာ Scan ဖတ်စနစ်မှာ မပေါ်တဲ့အတွက် သူမကို လေဆိပ်က လုံခြုံရေးဝန်ထမ်းများက တားဆီးခဲ့ရတာ ဖြစ်ပါတယ်။
Chengdu Business Daily သတင်းစာအရ သူမဟာ ပလတ်စတစ်ဆာဂျရီလုပ်ခဲ့လို့ မျက်နှာပြောင်းလဲသွားတာဖြစ်ကြောင်း လေဆိပ်လုံခြုံရေးတွေကို ရှင်းပြခဲ့ပေမဲ့ လုံခြုံရေးဝန်ထမ်းများက လက်မခံခဲ့ဘဲ သူမကို ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဇန်ဟာ သူမဟာ မှတ်ပုံတင်ထဲက လူပဲ ဖြစ်ကြောင်းရှင်းပြခဲ့တဲ့အချိန်တင် ၄ နာရီလောက်ကြာသွားခဲ့တဲ့အတွက် လေယာဉ်မမှီ တော့ဘဲ ရှန်ဟိုင်းကို ရထားစီးပြီး သွားခဲ့ရကြောင်း သိရပါတယ်။
အခုလိုမျိုးအဖြစ်အပျက်တွေ မကြာခဏ ဖြစ်ပွားဖူးတာကြောင့် တရုတ် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများက ခရီးသွားတွေကို ပလတ်စတစ် ဆာဂျရီမလုပ်ခင် သူတို့ရဲ့ သက်သေအထောက်အထားတွေကို သေချာခိုင်လုံအောင်ပြုလုပ်ပြီးမှ ခရီးသွားဖို့ ညွှန်ကြားထားကြောင်းသိရပါတယ်။
Leave a Reply