ဓာတ်လှေကားပေါ်က ခလုတ်တွေကို မစင် နဲ့ပေကျံအောင်သုတ်လိမ်းထားခဲ့တဲ့ လူမဆန်လွန်းတဲ့ လုပ်ရပ်

ဒီအဖြစ်ကတော့ ပြီးခဲ့တဲ့ December 18 ရက်နေ့တုန်းက မလေးရှားနိုင်ငံ Petaling aya မြို့မှာရှိတဲ့ တိုက်ခန်းအဆောက်အအုံတစ်ခုမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါတိုက်ခန်းအဆောက်အအုံမှာနေထိုင်ကြသူများက မနက် 8 နာရီအချိန်ခန့်မှာ အဆိုပါဓာတ်လှေကားအနားမှ အတော်လေးကိုဆိုးဝါးတဲ့အနံ့ရရှိခဲ့လို့ ဓာတ်လှေကားအနားက အမှိုက်ပုံနားက အနံ့လို့ထင်ခဲ့ပေမဲ့လည်း နောက်မှသေချာကြည့်လိုက်တဲ့အချိန်မှာမှ ဓာတ်လှေကားအပေါ်မှ လက်ဖြင့်နှိပ်ရတဲ့ခလုတ်များကို မစင် တွေနဲ့အကုန်ပွတ်ပြီးပေကျံအောင် သုတ်လိမ်းထားတာကို စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းလှအောင် တွေ့ရှိခဲ့ရပါတယ် ။

အဆိုပါတိုက်ခန်းမှာနေထိုင်သူတစ်ဦးက ” ကျွန်တော် အတော်လေးစိတ်တိုခဲ့တယ် ၊ တစ်စုံတစ်ယောက်က လူအများအသုံးပြုနေတဲ့ ဓာတ်လှေကားရဲ့ခလုတ်အပေါ် အဲ့လို မစင် တွေနဲ့သုတ်လိမ်းထားမယ်လို့ မထင်ထားမိဘူး ၊ အရင်ကလည်း တစ်ခါးမှမဖြစ်ဖူးဘူး ၊ ပုံမှန်ဆိုရင်တော့ လူရမ်းကားတွေ ၊ လက်သရမ်းတဲ့သူတွေက ဓာတ်လှေကားထဲက ဝိုင်ယာကြိုးတွေကိုသာခိုးဖြုတ်တတ်လို့ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

ထို့အပြင် တိုက်ခန်းတွေမှာနေထိုင်သူအများစုက အများသုံပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေကြတဲ့လူရမ်းကားများဟာ ဓာတ်လှေကားများကိုသာအဓိကပစ်မှတ်ထားပြီး ဖျက်ဆီးနေကြလို့ ဓာတ်လှေကာလုံခြုံစိတ်ချရအောင် အစိုးရသို့တိုင်ကြားမှုများပြုလုပ်ခဲ့ကြပေမဲ့လည်း

ဒီတစ်ခေါက်အဖြစ်အပျက်မှာ ထင်ထားတာထက်ဆိုးရွားလွန်းနေတဲ့အတွက် အတော်လေးကို စိတ်ဆိုးဒေါသထွက်ကြပါသေးတယ် ။ ထို့ကြောင့် ရဲအရာရှိများက သံသယဖြစ်ဖွယ်ကောင်းသောသူများ ဒါမှမဟုတ် လူရမ်းကားများကို တွေ့ရှိပါက ရဲဌာနသို့ချက်ချင်းတိုင်ကြားပေးကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*